ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၏ အနောက်တောင်ဘက် ၁၂ မိုင်ခန့်အကွာ၊ ခြုံတောင်ဒေသအနီးမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ


စက်တင်ဘာ ၂၃

ယခုလ ၂၀ ရက်နေ့ ၃ နာရီအချိန်ခန့်တွင်၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၏ အနောက်တောင်ဘက် ၁၂ မိုင်ခန့်အကွာ၊ ခြုံတောင်ဒေသအနီးတွင် ပူးပေါင်းအဖွဲ့မှ သတင်းအရ သွားရောက်ခဲ့ရာ လက်နက်ခဲယမ်းများ သိမ်းဆည်းးရမိခဲ့ကြောင်း သိရှိရပါသည်။

ဖြစ်စဉ်မှာ ဟင်္သာတခရိုင် PDF တပ်ရင်း ၁ ၊ ခွဲ ၄ စခန်းဟောင်းသို့ ပူးပေါင်းအဖွဲ့မှ သွားရောက်ခဲ့ရာ အဆိုပါဒေသအခေါ် ခြုံတောင်အနီးသို့ ရောက်ရှိခဲ့ပြီး ၁၀ ပေပတ်လည်ခန့်ရှိ လူနေတဲ ၄ လုံး၊ မီးဖိုဆောင်တဲ ၁ လုံးတို့အားတွေ့ရှိခဲ့ပြီး အနီးပတ်ဝန်းကျင်နှင့် လူနေတဲများအတွင်း ရှာဖွေဆောင်ရွက်ခဲ့ရာ အဆိုပါတဲများအတွင်းမှ M-4 သေနတ် ၂ လက်၊ လက်လုပ်ကိုးလုံးထိုးသေနတ် ၃ လက်၊ ရှိပစ်လက်ပစ်ဗုံး(အရေအတွက်စိစစ်ဆဲ)၊ M-4 ကျည်(အရေအတွက်စိစစ်ဆဲ)၊ ၉၁ ဗုံးသီး ၁ လုံး၊ ကိုးလုံးကျည်  ၂၄ တောင့်၊ M-4 ကျည်အိမ် ၇ ခုအား ရှာဖွေသိမ်းဆည်း ရမိခဲ့ကြောင်း သတင်းရရှိပါသည်။