စက်တင်ဘာ ၂၃
ရုရှားနိုင်ငံသည် ၎င်းတို့၏ စစ်တပ်အသုံး စရိတ်များကိုလာမည့် ၂၀၂၄ ခုနှစ်တွင် သိသိသာသာ တိုးမြှင့်မှုများ ပြုလုပ်သွားရန် စီစဉ်နေကြောင်း ရုရှား သတင်းဌာနများ၏ ဖော်ပြချက်များကို ကိုးကားပြီး သတင်းဌာန များက ပြီးခဲ့သည့် စက်တင်ဘာ ၂၂နေ့တွင် ဖော်ပြပြော ဆိုထားကြပါတယ်။
ရုရှားနိုင်ငံ ၏ စစ်တပ် အသုံးစရိတ်သည် ၂၀၂၁ခုနှစ်တွင် ၂.၇ ရာခိုင်နှုန်း မှသည် ယခုနှစ် ၂၀၂၃ တွင် ၃.၉ ရာခိုင်နှုန်း ထိ တိုးမြင့်လာခဲ့ပြီး လာမည့် ၂၀၂၄ ခုနှစ်တွင် နိုင်ငံ၏ စုစုပေါင်း ပြည်တွင်းထုတ်ကုန် (GDP) ၆ ရာခိုင်နှုန်း နှင့် စစ်အသုံးစရိတ် ၂.၇ ရာခိုင်နှုန်း အထိ တိုးမြှင့် မှုများ ပြုလုပ်သွားရန် ရုရှားတို့က မျှော် မှန်းထားကြောင်း သတင်းဌာနများ ကဖော်ပြ ပြောဆိုထားကြပါတယ်။
ရုရှားနိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်များ သည် လာမည့် ၂၀၂၄ခုနှစ်တွင် ရုရှား ရူဘယ် ငွေ ၆.၄ ထရီလီယံမှ ရူဘယ် ၁၀.၈ ထရီလီယံ (ကန်ဒေါ်လာ ၁၁၂ ဘီလီယံ) အထိ တိုးလာ နိုင်လာသည်လို့လည်း ဖော်ပြပြော ဆိုထား ကြပါသေးတယ်။
နောင်လာမည့် ၂၀၂၅ခုနှစ် တွင် ရုရှားနိုင်ငံ၏ ဘတ်ဂျက်လိုငွေပြမှုသည် GDP ၀.၄ရာခိုင်နှုန်း သို့ ထပ်မံကျဆင်းနိုင် လိမ့်မည်လို့ လည်း စီးပွားရေး ပညာရှင်များက ခန့်မှန်းထားကြပြီး ရုရှားနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ ၀င်ငွေများသည် လာမည့် ၂၀၂၄ ခုနှစ်တွင် ရူဘယ် ၁၁.၅ ထရီလီယံအထိ တိုးလာ နိုင်ကြောင်း လည်း ခန့်မှန်း ပြောဆိုထား ကြပါတယ်။