မူစယ်မြို့တွင် ကားတစ်စီးကို လုယက်ထွက်ပြေးသည့် အကြမ်း ဖက်သမားဓားပြအဖွဲ့ကို ရဲတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီး

စက်တင်ဘာ ၂၃

      ယနေ့ နံက် ၆ နာရီအချိန်ခန့်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူစယ်မြို့အတွင်းသို့ ပြန်ပေးဆွဲ၊လူ သတ်၊ဓါးပြတိုက်ရန် ရောက်ရှိနေသော အကြမ်း ဖက်သမား PDF အဖွဲ့ဝင်များကို ရဲတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးစဉ် မော်တော်ကားဖြင့်ထွက် ပြေးခဲ့သည့်အတွက် လိုက်လံပစ်ခတ်ဖမ်း ဆီးခဲ့ပါသည်။

      ဓားပြအဖွဲ့တွင် ၅ ဦးပါဝင်ပြီး အဆိုပါရပ် ကွက်မှ ကားတစ်စီးကို လုယက်လာစဉ် လှည့် ကင်းပတ်နေသော ရဲတပ်ဖွဲ့ဝင်ကားနှင့် တွေ့ဆုံကာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

    ဖြစ်စဉ်တွင် ဓားပြအဖွဲ့ဝင် ၂ ဦးကို ‌‌အသေဖမ်း ဆီးရမိခဲ့ပြီး ၂ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကာ ကျန် ၁ ဦးမှာ ထွက်ပြေးသွားခဲ့ကြောင်း၊ ကားအတွင်းမှ သေနတ် ၂ လက်သိမ်းဆည်းရမိခဲ့ကြောင်း၊ရဲတပ် ဖွဲ့ဝင်တစ်ဦးမှာ အချင်းချင်းပစ်မိသလိုဖြစ်ပြီးလက်မောင်း၌ ကျည်ရှပ်ထိဒဏ်ရာ အနည်းငယ်ရရှိသွားကြောင်း သတင်းရရှိပါသည်။

#PAN