ပျော်ဘွယ်မြို့နယ်၊ရွာသစ်ကျေးရွာနေ အုပ်ချုပ်ရေးမှုး ဉီးလှမြင့်အား အကြမ်းဖက် PDF များမှ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်


စက်တင်ဘာ၂၃

       ယနေ့ မွန်းလွဲ ၃ နာရီ အချိန်ခန့်တွင် ပျော်ဘွယ်မြို့နယ်၊ပေပင်ရှည်ကျေးရွာအုပ်စု၊ရွာသစ်ကျေးရွာနေ ပေပင်ရှည်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး ဦးလှမြင့်(ယခင် ပြည်ခိုင်ဖြိုးပါတီ၊ရပ်/ ကျေးဥက္ကဌ)သည် နေအိမ်၌ရှိနေစဉ် အမည်မသိ အမျိုးသား ၃ဉီး၊ဆိုင်ကယ် ၂စီးဖြင့် ရောက်လာပြီး ဧည့်စာရင်းတိုင်ချင်လို့ဟု ပြောကာ နေအိမ်အတွင်းဝင်ရောက်၍ သေနတ်(အမျိုးအစား စိစစ်ဆဲ)ဖြင့် ၃ချက်ပစ်ခတ်ကာ နတ်မောက်မြို့နယ်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်းသိရသည်။
      ယင်း ပစ်ခတ်မှုကြောင့် ဉီးလှမြင့်တွင် နားထင်၊နောက်စေ့ ကျည်ဖောက်ဝင်ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း၊သေဆုံးသူ ဉီးလှမြင့်သည် ၄င်းနေထိုင်သည့် ရွာသစ်ကျေးရွာမှာ မကွေးတိုင်းဒေသကြီး၊နတ်မောက်မြို့နယ်နှင့်ထိစပ်နယ်မြေဖြစ်ပြီး လုံခြုံရေးအခြေအနေ စိုးရိမ်ရသောကြောင့် အုပ်ချုပ်ရေးမှုးတာဝန်မှ အနားယူခွင့် ထွက်စာတင်ထားပြီး သက်ဆိုင်ရာမှ အကြောင်းပြန်စာ မရသေးမီ ယခုကဲ့သို့ သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။