ပီအက်စ်ဂျီအသင်းနဲ့ပတ်သက်ပြီး ခံစားချက်များကို ထုတ်ဖော်ခဲ့တဲ့ မက်ဆီ

စက်တင်ဘာ ၂၃

      အမေရိကန်လိဂ်မှာ ရောက်ရှိပြီး ခြေစွမ်းပြကစားနေတဲ့ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီက အသင်းဟောင်း ပီအက်စ်ဂျီမှာရှိနေခဲ့စဉ်အတွင်း လုံလောက်တဲ့အသိအမှတ်ပြုမှုတွေကို ရရှိခဲ့ခြင်းမရှိဘူးလို့ ထုတ် ဖော်ပြောဆို ခဲ့ပါတယ်။ အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ မက်ဆီ ဟာ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းမှာ ၂ နှစ် ကြာကစားခဲ့ပြီးနောက် မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းထံ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

      အာဂျင်တီးနားအသင်းနဲ့အတူ ၂၀၂၂ ကမ္ဘာ့ဖလား ချန်ပီယံဆုကိုရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ တိုက်စစ်မှူး မက်ဆီ အနေနဲ့ ပီအက်စ်ဂျီအသင်းဆီ ပြန်ရောက်ချိန်မှာ လုံလောက်တဲ့ အရေးတယူပြုမှုကို မခံခဲ့ရကြောင်းကို အာဂျင်တီးနားနိုင်ငံ ဗျူနိုအေရိစ် အခြေ စိုက် ရေဒီယိုနဲ့ အင်တာဗျူးပြုလုပ်ခဲ့ချိန်မှာ အခုလို ထုတ်ဖော်ပြောဆိုခဲ့တာပါ။

       ပီအက်စ်ဂျီအနေနဲ့ ကမ္ဘာ့ဖလားပွဲအပြီး မက်ဆီပြန်ရောက်လာချိန် လေ့ကျင့်ကွင်းမှာ အသင်းဖော်တွေရဲ့ ဂုဏ်ပြုမှုသာရှိခဲ့ပြီး ချန်ပီယံအသင်းခေါင်းဆောင်တစ်ယောက်ကို အလေးထားမှုမရှိခဲ့တာဖြစ်ပါတယ်။ မက်ဆီအနေနဲ့ လက်ရှိကစားနေတဲ့ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းမှာတော့ ခြေစွမ်းပြကစားနေသလို ပြိုင်ပွဲစုံ ၁၁ ပွဲ ကစားရာမှာ ၁၁ ဂိုး သွင်းယူထားပါတယ်။ 

#PAN