“ထိုင်ဝမ်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနက ၎င်းနိုင်ငံကျွန်း အနီးတွင် တရုတ်နိုင်ငံစစ်တပ်၏ လှုပ်ရှားမှုများသည် ပုံမှန် မဟုတ်သော စစ်ရေးလေ့ကျင့်လှုပ်ရှားမှုများ ပြုလုပ်နေ ကြောင်း ထုတ်ပြန်​ခဲ့”

စက်တင်ဘာ ၂၃

ထိုင်ဝမ်ကျွန်း တစ်ဝိုက်တွင် တရုတ်နိုင်ငံ စစ်တပ်၏ လှုပ်ရှားမှုများသည် ပုံမှန်မဟုတ်သော လှုပ်ရှားမှုများ ပြုလုပ် လာတယ်လို့ ထိုင်ဝမ် ကျွန်း၏ ကာကွယ်ရေးဝန်ကြီးက ပြီးခဲ့သည့် သောကြာနေ့ စက်တင်ဘာ ၂၂ ရက်နေ့ တွင်ထုတ်ပြန် ပြောကြား ခဲ့တာဖြစ်ပါတယ်။

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက တရုတ်နိုင်ငံ စစ်တပ်၏ လေတပ် တိုက်လေယာဉ်များ၊ ဒရုန်းများ၊ ဗုံးကြဲ လေယာဉ်များနှင့် အခြား လေယာဉ်များ အပြင် စစ်သင်္ဘောများ အပြင် ထိုင်ဝမ်းကျွန်းအနီး ဒါဇင်များစွာသော တိုက်လေယာဉ်များ၊ ဒရုန်းများ၊ ဗုံးကြဲလေယာဉ်များနှင့် စစ်သင်္ဘောများ လည်ပတ်နေကြပြီး ပြီးခဲ့သည့် သီတင်းပတ် များအတွင်း ယင်းကဲ့သို့ တရုတ်စစ်တပ်၏ လှုပ်ရှားမှုများ ပိုမို တိုးလာကြောင်း ဖော်ပြပြောဆိုထားခဲ့ပါတယ်။

ထိုင်ဝမ်ကို ၎င်း၏ပိုင်နက်နယ်မြေအဖြစ် ဒီမိုကရေစီနည်းကျ အုပ်ချုပ်မှုများပြုလုပ်မည့် တရုတ်နိုင်ငံသည် မကြာသေးမီနှစ်များအတွင်း ကျွန်းတစ်ဝိုက်တွင် စစ်ရေးလေ့ကျင့်မှုများစွာကို ပြုလုပ်ခဲ့ပြီး ၎င်း၏အချုပ်အခြာအာဏာကို အခိုင်အမာတောင်းဆိုကာ တိုင်ပေ(ထိုင်ဝမ်)ကို ဖိအားပေးနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သတင်းဌာနများကဖော်ပြပြောဆိုထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *