တောင်သာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအား အကြမ်းဖက် PDF များက Drone ဖြင့် Drop Bomb ချ တိုက်ခိုက်


စက်တင်ဘာ ၂၃

    ယမန်နေ့ ည ၁၀ နာရီ ၁၀ မိနစ် အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊တန်းမြင့်ကျောင်းရပ်ကွက်ရှိ တောင်သာမြို့နယ်၊ထွေ/အုပ်ရုံးအား အကြမ်းဖက် PDF များက ရုံး၏ မြောက်ဘက် အမြင့် မီတာ ၄၀၀ ခန့်မှ Drone ၁စီးဖြင့် Drop Bomb ၄လုံး ပစ်ချတိုက်ခိုက်ခဲ့ရာ ဗုံးများမှာ မြို့နယ်အုပ်ချုပ်ရေးမှုးရုံးပေါ် ၁လုံး၊ရုံးဝင်းအတွင်း လုံခြုံရေးအဖွဲ့များ အခြေပြုနေထိုင်ရာ အဆောက်အဉီးကြား မြေကွက်လပ်တွင် ၃လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်းသိရသည်။ 
    အဆိုပါ ပေါက်ကွဲမှုကြောင့် မြို့နယ်အုပ်ချုပ်ရေးမှုးရုံးခန်း အမိုးသွပ် ၁ချပ်၊၂ပေခန့် ပေါက်ပြဲပျက်စီးခြင်း၊ရုံးခန်းအုတ်နံရံနှင့်မျက်နှာကျက် ဗုံးစထိမှန်ပျက်စီးခြင်း၊မှန်တံခါး ၄ချပ် ပျက်စီးခြင်းတို့ ဖြစ်ပွားခဲ့ပြီး လူထိခိုက်မှု မရှိကြောင်း သတင်းရရှိပါသည်။