ကျူးဟိုင်ချန်ပီယံရှစ် ပထမအဆင့်မှာ အနိုင်ရရှိခဲ့တဲ့ အင်ဒီမာရေး

စက်တင်ဘာ ၂၃

      တရုတ်နိုင်ငံ ကျူးဟိုင်မြို့မှာ ကျင်းပနေတဲ့ ကျူဟိုင်းချန်ပီယံရှစ် အမျိုးသားတစ်ဦးချင်းတင်းနစ်ပြိုင်ပွဲ ပထမ အဆင့်မှာ ဗြိတိန်တင်းနစ်သမား အင်ဒီမာရေး အနိုင်ရခဲ့ပါတယ်။ အခုပြိုင်ပွဲက ၂၀၁၉ ခုနှစ်နောက်ပိုင်း တရုတ်နိုင်ငံ အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ်ကျင်းပတဲ့ ATP Tour တင်းနစ်ပြိုင်ပွဲဖြစ်ခဲ့ပြီး အင်ဒီမာရေး ဟာ အဆိုပါ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။

     အင်ဒီမာရေး ဟာ တရုတ်တင်းနစ်သမား ရီခေါင်မို နဲ့ ပထမအဆင့်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး ပွဲစဉ် အစောပိုင်းအချိန်မှာ အင်ဒီမာရေး ဟာ ရီခေါင်မို ရဲ့ ဖိအားပေးကစားခြင်းကို ခံခဲ့ရပြီး အနည်းငယ် ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမဲ့ အင်ဒီမာရေး က ပြိုင်ပွဲကို အကောင်းဆုံး ထိန်းချုပ်ကစားသွားခဲ့ပြီး ပွဲအပြီးမှာတော့ ၇း၅၊ ၆း၃ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

      အင်ဒီမာရေး ဟာ တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ရှန်ဟိုင်းမာစတာပြိုင်ပွဲမှာ ချန်ပီယံဆု ၃ ကြိမ်၊ ပေကျင်းပြိုင်ပွဲနဲ့ ရှန်ဇန်းပြိုင်ပွဲတွေမှာလည်း ချန်ပီယံဆုတွေ ရယူထားနိုင်ခဲ့ပါတယ်။ အသက် ၃၆ နှစ်အရွယ် အင်ဒီမာရေး ဟာ ဒုတိယအဆင့်ပွဲအဖြစ် ရုရှားတင်းနစ်သမား ကာရာဆက်ဗ်နဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

#PAN