ကော့ကရိတ်မြို့၏တောင်ဘက် တောင်ကြာအင်းရွာတဝိုက်တွင် တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းစဥ် အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF အဖွဲ့တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွား

စက်တင်ဘာ ၂၃

      ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၏တောင်ဘက်ခြမ်း ကော့ကရိတ် (ကိုးတိုင်)လမ်းဆုံမှ ကြာအင်းဆိပ်ကြီးသွားကားလမ်းပေါ်ရှိ တောင်ကြာအင်းတံတား အကျော်တွင် တောင်ကြာအင်းစာသင်ကျောင်းနှင့် တံတားလုံခြုံ ရေးအတွက်  တပ်မတော်နှင့် နယ်ခြားစောင့်အဖွဲ့များက လုံခြုံ ရေးတာ၀န်ယူဆောင်ရွက်လျက်ရှိကြောင်း၊အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF အဖွဲ့များသည် ၎င်းစာသင်ကျောင်းရှိ လုံခြုံ ရေးအဖွဲ့များကို နည်းမျိုးစုံဖြင့်နှောင့်ယှက်ပစ်ခတ်တိုက် ခိုက်လျှက်ရှိကြောင်း သိရပါသည်။

      ယနေ့ နံနက် ၇ နာရီအချိန်ခန့်တွင် တပ်မတော်စစ်ကြောင်းက တောင်ကြာအင်းရွာထဲသို့ စစ် ကြောင်းထိုး၀င်ပြီး နယ်မြေရှင်းလင်းခြင်းဆောင် ရွက်ခဲ့ရာ တပ်မတော်စစ်ကြောင်းနှင့် အကြမ်းဖက်သောင်းကျန်း သူ KNU နှင့် PDF အဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ နယ်မြေခံတပ်မှလက် နက်ကြီးပစ်ကူများ ဆက်တိုက်ပစ်ကူပေးခဲ့ကြောင်း၊ အကြမ်းဖက်သောင်း ကျန်းသူများသည် တောင်ကြာအင်းနှင့် နောင်တလာကျေးရွာတို့တွင်ထိခိုက်သေဆုံးမှု အများအပြားရှိကြောင်း၊ တစ်နေကုန် ပစ်ခတ်သံများကြားနေရကြောင်း ဒေသခံရွာသားများ၏ ပြောပြချက်အရ သိရှိရပါသည်။

#PAN