ကုလားတန်ဆိပ်ခံတံတားမှာ ကမ်းရိုးတန်းသွားသင်္ဘောများ စတင်ဆိုက်ကပ်

စက်တင်ဘာ ၂၃

      ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်က အိန္ဒိယ-မြန်မာချစ်ကြည်ရေး ကုလားတန်မြစ် ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်းဆိပ်ခံတံတား(စစ်တွေဆိပ် ကမ်း)တွင် ပြည်တွင်းကမ်းရိုးတန်းသင်္ဘောများကို စတင်ဆိုက်ကပ်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ရခိုင်ပြည် နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ သိရပါ သည်။

       ပထမဆုံးအနေနှင့် ပြီးခဲ့သည့် စက်တင်ဘာ လ ၁၈ ရက်နေ့က ပြည်တွင်းကမ်းရိုးတန်းသင်္ဘောတစ်စင်း ယင်းဆိပ်ကမ်းတွင် ကမ်းကပ်ပြီး ကုန် ပစ္စည်းတွေချနေပြီဖြစ်သည်ဟု ဆိုပါသည်။ ယခုလို ဆိုက်ကပ်ခွင့်ပြုလိုက်သည့်အတွက် ကုန် ပစ္စည်းများ အတင်အချပြုလုပ်ရာတွင် အချိန်ကုန်သက်သာပြီး အဆင်ပြေသည်ဟု ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌက ပြောကြားခဲ့ပါသည်။

       အဆိုပါဆိပ်ကမ်းကို ပြီးခဲ့သည့် မေလ ၉ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ကုန်တင်သင်္ဘောအကြီးစားများပါ ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းတစ်ခု ဖြစ်ပါသည်။ စစ်တွေမြို့နယ်တွင် ယခုလို နိုင်ငံတကာဆိပ်ခံတံတားကြီး ရှိလာခြင်းကြောင့် ကုန်သည်များအတွက် အများကြီးအကျိုးရှိကြောင်း ပြောကြားခဲ့သည်။ စစ်တွေဆိပ်ခံ တံတားအသစ်မှာ တန်ချိန် ၅,၀၀၀ မှ ၆,၀၀၀ ရှိသည့် သင်္ဘောကြီးများ ဆိုက်ကပ်နိုင်မှာ ဖြစ်ကြောင်း သိရပါသည်။

#PAN