ကမ္ဘာ့ဈေးကွက်၌ ဗီယက်နမ်ကော်ဖီဈေးနှုန်း စံချိန်တင် မြင့်တက်

စက်တင်ဘာ ၂၃

      ကမ္ဘာ့ဈေးကွက်တွင် ဗီယက်နမ်ကော်ဖီဈေး နှုန်းသည် ယခုသီတင်းပတ်တွင် စံချိန်တင်မြင့်တက်ခဲ့သည်ဟု စက်တင်ဘာလ ၂၀ ရက်က ဒေသတွင်းသတင်းစာ VnExpress တွင် ဖော်ပြထားသည်။

       Robusta ကော်ဖီဈေးနှုန်းသည် တစ်ကီလို ဂရမ်လျှင် ဗီယက်နမ်ဒေါင် ၆၈,၀၀၀(အမေရိကန်ဒေါ်လာ ၂ ဒသမ ၇၉)ရှိကာ ယခုနှစ်အစပိုင်းမှစတင်ကာ ၇၆ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ အဆိုပါ ကော်ဖီဈေးနှုန်းမြင့်တက်မှုသည် နှစ်ပေါင်း ၃၀ အတွင်း ဗီယက်နမ်ကော်ဖီဈေးနှုန်း အမြင့်မားဆုံးဖြစ်သည်ဟု ဒေသတွင်းမီဒီယာက ဖော်ပြထားသည်။

       ကော်ဖီဈေးနှုန်းများ မြင့်တက်ရခြင်း၏ အကြောင်းရင်းတစ်ခုမှာ ပြီးခဲ့သည့်ရာသီက လက် ကျန်များ ရောင်းချပြီးချိန်၊ ဆွတ်ခူးရာသီသို့ မရောက်ရှိသေးသဖြင့်ဖြစ်ကြောင်း Dak Lak  ပြည်နယ် စိုက် ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး Vu Duc Con က ပြောကြားသည်။

       ယခုနှစ်ပထမရှစ်လအတွင်း ကော်ဖီတန်ချိန် ၈,၀၀၀ တင်ပို့ခဲ့ရာ အမေရိကန်ဒေါ်လာ ၈၅ သန်းဝင်ငွေရရှိခဲ့ သည်ဟု သိရသည်။ ဗီယက်နမ်နိုင်ငံသည် ကမ္ဘာ့နိုင်ငံများတွင် ဘရာဇီးနိုင်ငံပြီးလျှင် ကော်ဖီတင်ပို့မှု ဒုတိယအများဆုံး အဖြစ် နိုင်ငံ တကာကော်ဖီအဖွဲ့အစည်းက သတ်မှတ်ထား သည်။

#PAN