“အမေရိကန် နာမည်ကြီး သတင်းထောက်ကြီး တစ်ဦး ဖြစ်သူက ယူကရိန်း – ရုရှား စစ်ပွဲများတွင် ရုရှားနိုင်ငံ က အနိုင်ရခဲ့ကြောင်း အစီရင်ခံစာကို အမေရိကန် ထိပ်တန်း ထောက်လှမ်းရေး များက အမေရိကန် သမ္မတ အိမ်ဖြူတော်အား တင်ပြခဲ့ကြကြောင်း ရေသားဖော်ပြခဲ့”

စက်တင်ဘာ ၂၂

ယူကရိန်းနိုင်ငံအတွက်း ဖြစ်ပွားနေသော ပဋိပက္ခများတွင် ရုရှားနိုင်ငံအနေဖြင့် အနိုင်ရခဲ့တယ်လို့ အမေရိကန် ထောက်လှမ်း ရေးများက အမေရိကန် အစိုးရအား တင်ပြထားကြပြီးအမေရိကန် သမ္မတ အိမ်ဖြူတော်၏ ပြောရေးဆိုခွင့်ရှိသူများ နှင့် အမေရိကန်နိုင်ငံအတွင်းရှိ မီဒီယာ အများစုက လိမ်ညာပြီး ပြောဆိုမှု တွေရှိ နေကြတယ်လို့ အမေရိကန်နိုင်ငံ၏ နာမည်ကြီး သတင်းထောက် Seymour Hersh Zelensky ​​ပြီးခဲ့သည့် စက်တင်ဘာ ၂၁ရက်နေ့တွင် ၎င်း၏ သတင်း Social Media များပေါ်တွင် ရေးသား ထုတ်ဖော် ပြောကြား ခဲ့တာဖြစ်ပါတယ်။

ယူကရိန်း စစ်တပ်ကို ငွေကြေးထောက်ပံ့ခြင်းဖြင့် ရုရှားနိုင်ငံ နှင့် proxy war များ ဆင်နွှဲနိုင်ရန် ကြိုးပမ်းနေသည့် အမေရိကန် သမ္မတ Biden ၏ ဆုံးဖြတ်ချက်များ သည် ရုရှား သမ္မတ ပူတင် ၏ မဟာဗျူဟာမြောက် အစီအစဥ်များကို ဦးဆောင်နိုင် စေခဲ့ကြောင်း Hersh က အမေရိကန် ထောက်လှမ်းရေး CIA သတင်းရင်းမြစ်များ အား ကိုးကားပြီး ရေးသားဖော်ပြထားပါတယ်။

အမေရိကန် ထောက်လှမ်းရေး ဌာန CIA နှင့် ဗြိတိန်နိုင်ငံ ထောက်လှမ်းရေး အဖွဲ့အစည်း အစိတ်အပိုင်း အားလုံနီးပါး ပူးပေါင်းမှုများပြုလုပ်ပြီး ကမ္ဘာကြီးပေါ်တွင် ရုရှားသမ္မတ ပူတင်၏ သြဇာအာဏာလွှမ်းမိုးလာမှုကို နှိမ့်ချနိုင်ရန် ရည်ရွယ်သည့် လျှို့ဝှက် သတင်းဖြစ်ကြောင်းလည်း ၎င်းက ထပ်လောင်း ထုတ်ပြန်​ရေးသားခဲ့တာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *