“မော်ရိုကို အစိုးရက ၎င်းတို့နိုင်ငံအတွင်း ဖြစ်ပွားခဲ့ သည့် ပြင်းထန်သော ငလျင်လှုပ် ခတ်မှုများအပြီးတွင် ပြန်လည် ထူထောင် ရေးဆိုင်ရာ လုပ်ငန်းစဥ် များအတွက် ကန်ဒေါ်လာ ၁၁.၇ ဘီလီယံ ထိ သုံးစွဲသွားမည်”

စက်တင်ဘာ ၂၂

မော်ရိုကိုနိုင်ငံ အစိုးရ က ၎င်းတို့နိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် ပြင်းထန်သော ငလျင်ကြီးအပြီး ၅နှစ်ကြာ ပြန်လည်ထူထောင် တည်ဆောက်ရေး ဆိုင်ရာ အစီအစဉ်များ အတွက် ကန်ဒေါ်လာ ၁၁ ဒသမ ၇ ဘီလီယံ ကို သုံးစွဲသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

ပြင်းထန်သော ငလျင်လှုပ် ခတ်မှုများ အပြီးတွင် မော်ရိုကို အစိုးရ အနေဖြင့် လာမည့် ၅ နှစ် အတွင်း ပြန်လည်ထူထောင်တည်ဆောက် ရေးအစီအစဉ်များတွင် အနည်းဆုံး ကန်ဒေါ်လာ ၁၁ ဒသမ ၇ ဘီလီယံကျော်ထိ သုံးစွဲသွားရန် စီစဉ်ထားကြောင်း မော်ရိုကို တော်ဝင်နန်းတော်က ပြီးခဲ့သည့် စက်တင်ဘာ ၂၀ရက် ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ကြေညာ​ ခဲ့တာလည်းဖြစ်ပါတယ်။

အဆိုပါ ပြန်လည်ထူထောင်ရေး ထုတ်ပြန်ချက်များ နှင့် စီမံချက်များ တွင် မောရိုကို နိုင်ငံ၏ ငလျင်ဒဏ် ခံခဲ့ရသည့် အဆိုးရွားဆုံးသော ပြည်နယ်များဖြစ်သည့် Al Haouz၊ Chichaoua၊ Taroudant၊ Marrakech၊ Ouarzazate နှင့် Azizlal တို့တွင် နေထိုင်ကြသော လူပေါင်း ၄.၂ သန်းအား အဓိက ထား ကူညီထောက်ပံ့မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း လည်း မော်ရိုကို အစိုးရ၏ တော်ဝင်နန်းတော်က ထုတ်ပြန်ပြော ကြားခဲ့တာဖြစ်ပါတယ်။

ထို့နောက် မော်ရိုကို အစိုးရ၏ ထောက်ပံ့မှုအစီအစဉ်များ တွင် ငလျင်ဒဏ်သင့် ဒေသများရှိ ပြည်သူများ၏ လူမှုရေး နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများအတွက် အထောက်အကူဖြစ်စေမည့် အခြေခံ အဆောက်အအုံများ ပြန်လည် နေရာချ ထားခြင်းများ နှင့် အခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်ခြင်းများလည်း ပါဝင်မှာဖြစ်ပြီး မောရိုကို နိုင်ငံ၏ ငလျင်ဒဏ် သင့် ဒေသများ ၏ အဆင်းရဲဆုံးများထဲတွင် ပါဝင်သည့် ဝေးလံခေါင်သီသော ကျေးရွာများစွာတွင် လမ်းများနှင့် ပြည်သူ့ဝန်ဆောင်မှုများကို ပြန်လည် အသက်သွင်းသွားရန် နှင့် အဆိုပါ အစီအစဉ်အား အစိုးရ၏ ဘတ်ဂျက်၊ နိုင်ငံတကာ အကူအညီများနှင့် ငလျင်ဒဏ်ကို တုံ့ပြန်သည့်အနေဖြင့် ရန်ပုံငွေအများအပြား ထောက်ပံ့မှုများ ပြုလုပ်သွား မည်ဖြစ်ကြောင်း မော်ရိုက်ို အစိုးရ တော်ဝင်နန်းတော် က ပြောကြားခဲ့တာဖြစ်ပါတယ် လို့ သတင်းဌာနများ ကဖော်ပြပြောဆိုထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *