“မာလီနိုင်ငံ မြောက်ဘက်ပိုင်းအတွင်းရှိ အစိုးရဆန့်ကျင်ရေး လက်နက်ကိုင် သူပုန်များက မာလီစစ်တပ် နှင့် မာလီစစ်တပ်၏ မဟာမိတ် Wagner အမည်ရှိ ကြေးစား တပ်ဖွဲ့ဝင်များကို တိုက်ခိုက်နိုင်ရန် ပြင်ဆင် မှုများ ပြုလုပ်ထားပြီး ဖြစ်ကြောင်း သတိပေး ထုတ်ပြန်ခဲ့”

စက်တင်ဘာ ၂၂

အာဖရိကတိုက် အနောက်ဘက်ပိုင်း နိုင်ငံတစ်နိုင်ငံဖြစ်သည့် မာလီနိုင်ငံ၏ မြောက်ဘက်စွန်းပိုင်းတွင် အစိုးရအား ဆန့်ကျင်သည့် လက်နက်ကိုင် ခွဲထွက် ရေးသမားများက မကြာသေးမှီရက်ပိုင်းများက မာလီစစ်တပ် ထိတွေ့တိုက်ပွဲ များစွာဖြစ် ပွားခဲ့ရပြီး မာလီ အစိုးရကို တိုက်ဖျက်နိုင်ရန် အပြည့်အ၀ စည်းရုံးမှုများ ပြုလုပ်ခဲ့ကြကြောင်း ပြောဆိုခဲ့ကြပါတယ်။

မာလီနိုင်ငံ မြောက်ဘက်ပိုင်းတွင် လှုပ်ရှားနေသော ပူးပေါင်းဆောင်ရွက်ရေး (Coordination of Azawad Movements) အဖွဲ့ကြီးမှ လက်နက်ကိုင် သူပုန်များသည် မာလီစစ်တပ်နှင့် မဟာမိတ် Wagner ကြေးစား တပ်ဖွဲ့တို့ကို တိုက်ခိုက်ရန်အတွက် ၎င်းတို့၏တပ်များကို အပြည့်အ၀ စည်းရုံးခဲ့ကြကြောင်း ပြီးခဲ့သည့် စက်တင်ဘာ ၂၁ရက်နေ့က ထုတ်ပြန် ကြေညာခဲ့ကြပါတယ်။

ဤ သတင်း ဗီဒီယိုမှတ်တမ်းသည် လက်နက်ကိုင် သူပုန်များ၏ (တပ်ဖွဲ့ဝင်များ၏ သာလွန် အင်အား အားလုံးကို ပြသခြင်းမဟုတ်) နှင့် မာလီ အစိုးရအား သတိပေး ခြိမ်းခြောက်မှု တစ်ခုသာဖြစ်ကြောင်း ထုန်ပြန် ကြေညာ ခဲ့ကြပါတယ်။

ထို့နောက် သတင်းဌာနများကလည်း မာလီစစ်တပ် နှင့် Wagner PMC ကြေးစားစစ်သည်များ၏ စစ်ဘက်ဆိုင်ရာ အခြေအနေကို သုံးသပ်ကြည့်ပါက စစ်အင်အား နည်းပါးခြင်းတို့ကြောင့် ခံစစ်ကို အာရုံစိုက် စစ်ကစားလိမ့်မည်လို့ ယုံကြည်ကြကြောင်း ဖော်ပြပြောဆိုထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *