မန္တလေး – ပြင်ဦးလွင်လမ်း မိုင်တိုင်(၂၆)တွင်၊ယာဉ်တိမ်းမှောက်ရာမှ ယာဉ်မောင်းသေဆုံး

စက်တင်ဘာ ၂၂

      မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်မြို့နယ်၊မိုင်တိုင်(၂၆)တွင် ယနေ့ နံနက် ၉ နာရီ ၃၅ မိနစ်အချိန်တွင် ယာဉ် ၁ စီး တိမ်းမှောက်မှုဖြစ်ပွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

       အ‌ဆိုပါ ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်တွင် လူ ၂ ဦးမှာ ညပ်နေကြောင်း သတင်းရရှိသဖြင့် ဗဟိုမီးသတ်သင်တန်းကျောင်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် ၁ စီး၊ ပြင်ဦးလွင်ခရိုင်မီးသတ်စခန်းမှ ရှာ ဖွေကယ်ဆယ်ရေးယာဉ် ၁ စီး၊ ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ ရတနာပုံမြို့သစ်နယ် မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီးတို့ဖြင့်ရှာ ဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊သွားရောက်ဆောင်ရွက်ခဲ့ရာ၊မွန်းလွဲ ၁၂ နာရီကျော်အချိန်တွင် ပြီးစီးခဲ့သည်။

        ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါအမျိုး သား ၂ ဦးအနက်၊ ယာဉ်မောင်း ၁ ဦးသေဆုံးကာ ၁ ဦးထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိသဖြင့် သန္တိသုခ၊လူမှုကူညီရေးအသင်းယာဉ်ဖြင့်၊ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးသို့၊ပို့ ဆောင်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN