မင်္ဂလာဒုံမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့တွင် ငွေကျပ်သိန်း ၇၂၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၇ ဒသမ ၂ သိန်း သိမ်းဆည်းရမိ

စက်တင်ဘာ ၂၂

      ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့တွင် ငွေကျပ်သိန်း ၇၂၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၇ ဒသမ ၂ သိန်းသိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

      မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၄ ရက် ညနေ ၆ နာရီတွင် ရန်ကုန် တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက် ခရေပင်ရိပ်မွန်လမ်းတွင် သတင်းအရ ဇော်မင်းထွန်း(ခ)ကိုနေသန့်ဇင်ဦး၊ ဇော်လွင်၊ ကျင်သိန်း(ခ)မောင်စိုးနှင့် အန်တောနိုတို့ငါးဦးကို Saloon ယာဉ်တစ်စီး၊ စိတ်ကြွရူးသွပ်ဆေးပြား နှစ်သိန်းနှင့်အတူ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ည ၉ နာရီတွင် ရွှေပြည်သာမြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ ဖမ်းမိတရားခံ သန့်ဇင်ဦး နေထိုင်သည့်နေအိမ်မှ စိတ်ကြွရူးသွပ်ဆေး ပြား ၅ ဒသမ ၂ သိန်း ထပ်မံသိမ်းဆည်း ရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလ တန်ဖိုး ငွေကျပ်သိန်း ၇၂၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၇ ဒသမ ၂ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

       သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်း ပြည်နယ်(တောင်ပိုင်း)မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အားဥပဒေအရ အရေးယူထားရှိပြီးကွင်း ဆက်ပြစ်မှု ကျူးလွန်သူများအားဆက် လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်း ရရှိပါသည်။

#PAN