မင်းကင်းမြို့နယ် ကျောက်ခဲတက်ကျေးရွာမှ ရွာသား ၃ ဦးကို အကြမ်းဖက် PDF များက ချောင်းမြောင်းဖမ်းဆီး၍ သတ်ဖြတ်

စက်တင်ဘာ ၂၂

         ယမန်နေ့ နံနက်် ၆ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ် ကျောက်ခဲတက်ကျေးရွာမှ  မောင်အောင်မျိုးထွန်း၊၂၉ နှစ်၊ (ဘ) ဦးရွှေဘ၊ မောင်ထွေးမင်းဇော်၊၃၃ နှစ်၊(ဘ) ဦးဘနှစ်နှင့် မောင်စိုး၊၂၇ နှစ်၊(ဘ) ဦးဌေးချို တို့ ၃ ဦးသည် ယာတောသို့သွားစဥ် သင်တောကျေးရွာအကြမ်းဖက် PDF ၅၀ ဦးခန့်ကဖမ်းဆီးခေါ်ဆောင်သွားကြောင်း ၊ မောင်အောင်မျိုးထွန်းကို လည်ပင်းလှီးဖြတ်၍ သေနတ်ဖြင့်အချက်ပေါင်းများစွာပစ်ခတ်ပြီးသတ်ပစ်ထားခဲ့ကြောင်း၊ ကျန်နှစ်ဦးကို သင်တောကျေးရွာအကြမ်းဖက် PDFစခန်းသို့ဖမ်းဆီးသွားပြီး စစ် ဆေးမေးမြန်းရိုက်နှက်ကာ သတ်ပစ်ပြီး ချင်းတွင်းမြစ်အတွင်းပစ်ချခဲ့ကြောင်း သိရှိရပါသည်။

      အဆိုပါရွာသား ၃ ဦးသည် ကျောက်ခဲတက်ကျေးရွာ ပြည်သူစစ်အဖွဲ့များရှိသော ကျေးရွာသားများဖြစ်သလို ၎င်းတို့သည် ပြည်ခိုင်ဖြိုးပါတီ ဝန်ရံအားပေးသူများဖြစ်ကြောင်း သိရှိရပါသည်။

       ပြည်ပြေးအကြမ်းဖက် NUG လက်ဝေခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည်  စစ်အာဏာရှင်တော်လှန်ရေး၊ ဒီမိုကရေးစီရရှိရေး အမည်ခံထားသော်လည်း ”ငါနဲ့မတူ ငါ့ရန်သူ” ဟူ သော အကြမ်းဖက်ဝါဒဖြင့် ၎င်းတို့နှင့် သဘော ထားမတူသော လက်နက်မဲ့ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ဝန်းရံသူများနှင့် ၎င်းတို့၏ မိသားစုဝင်များကို လက်နက်အားကိုးဖြင့် ပစ်မှတ်ထားသတ်ဖြတ်နေကြောင်း သိရှိရပါသည်။

#PAN