ပြည်တော်အေး Express ခရီးသည် ယာဥ်ကိုနောက်မှ ဝင်တိုက်သည့် ဆိုင်ကယ်စီးလာသူ အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရ


စက်တင်ဘာ၂၂
နေပြည်တော် ၊ ဇေယျာသီရိမြိုနယ်၊ ဒိုပင်ခုံ ဥယျာဉ် ကွက်သစ်လမ်းဆုံး ရန်မန်းလမ်းဟောင်းပေါ် ၂၃၄-၅/၆ ကြားတွင် ယနေ့နံနက်၈နာရီ၅၀မိနစ်အချိန်ခန့်က ပျဉ်းမနားမှတပ်ကုန်းသို့ ပြည့်ဖြိုးမောင်၊၂၅နှစ်၊(ဘ)ဦးကိုလင်း ပြည်တော်အေးExpress ခရီးသည်ယာဥ်ကို ပျဉ်းမနားမှ တပ်ကုန်းသို့လားရာတူ အမျိုးသမီးနှစ်ဦးမောင်းနှင်လာသည့် Canda 125 နီ/နက်ရောင်အမျိုးအစား ဆိုင်ကယ်ဖြင့် နောက်မှဝင်တိုက်မိကြောင်း သိရသည်။


ဖြစ်စဥ်မှာ ပျဉ်မနားမြို့နယ်၊ သပြေလှကျေးရွာမှ ဆိုင်ကယ်မောင်းသူ မရွှေရည်လင်း ၂၀နှစ်၊(ဘ)ဦးသန်းအောင် နှင့် ဆိုင်ကယ်နောက်လိုက်ပါသူ တင်ဇာလှိုင်၊၁၃နှစ်၊ (ဘ)ဦးစိုးအောင်တို့သည် အရှိန်မထိန်းနိုင်ဘဲ ပြည်တော်အေးexpressအား နောက်မှဝင်တိုက်မိရာ ရွှေရည်လင်းတွင် ဝဲလက်ကျိုး၊ယာပေါင်ပွန်းပဲ့ဒဏ်ရာ(မစိုးရိမ်ရ)နှင့် တင်ဇာလှိုင်တွင် နောက်စေ့ဖူးရောင်ဒဏ်ရာ(မစိုးရိမ်ရ)တို့ရရှိခဲ့သည်။

အဆိုပါဒဏ်ရာ ရရှိသူနှစ်ဦးကို ဆေးဝါးကုသမှုခံယူနိုင်ရန်အတွက် ကုတင် ၁၀၀၀ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။