“တရုတ်နိုင်ငံက ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေညီလာခံကြီးတွင် တရုတ်လူမျိုးတို့၏ အချုပ်အခြာအာဏာ နှင့် နယ်မြေပိုင်ဆိုင်မှု များကို ကာကွယ်မည့် ကိစ္စရပ်များအပေါ် မည်သူမှ လျှော့မတွက်သင့်ကြောင်း ​သတိပေးပြောကြားခဲ့”

စက်တင်ဘာ ၂၂

တရုတ်နိုင်ငံ၏ ထိုင်ဝမ်အပေါ် ထားရှိသည့် နှစ်နိုင်ငံပေါင်းစည်းရေး “ပြင်းပြသောဆန္ဒများ” ကို လျှော့မတွက်ကြရန် ကမ္ဘာ့ ကုလသမဂ္ဂ အထွထွေ ညီလာခံကြီးတွင် တရုတ်နိုင်ငံ ၏ ဒုတိယသမ္မတ Han Zheng က ပြီးခဲ့သည့် စက်တင်ဘာ ၂၁ရက် ကြာသပတေးနေ့က သတိပေးပြောကြားခဲ့တာဖြစ်တာဖြစ်ပါတယ်။

ဘေဂျင်း(တရုတ်) သည် ထိုင်ဝမ်ကျွန်းဆွယ်အား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒီမိုကရေစီကို ကျင့်သုံး ရန် ငြိမ်းချမ်းသောနည်းလမ်းကို လိုလားနေကြောင်း ပြောကြားခဲ့ပါတယ်။

ထို့နောက် ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေညီလာ ခံကြီးတွင် ဒုတိယသမ္မတ Han Zheng က တရုတ်ပြည်မကြီးမှ ထိုင်ဝမ်ကျွန်းအနီး အကြိမ်ကြိမ် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီး ထိုင်ဝမ်နိုင်ငံ အနေဖြင့် တရုတ်နိုင်ငံမှ “ခွဲထွက်၍မရသော အစိတ်အပိုင်း” အဖြစ် ဘေဂျင်း(တရုတ်) ၏ ရပ်တည်ချက်ကို ထပ်ခါတလဲလဲ ပြောကြားခဲ့တာ လည်းဖြစ်ပါတယ်။

“ခိုင်မာတဲ့သန္နိဋ္ဌာန်၊ ခိုင်မာတဲ့ဆန္ဒနဲ့ တရုတ်လူမျိုးတွေရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုကို ကာကွယ်ဖို့ ဘယ်သူကမှ လျှော့မတွက်သင့်ပါဘူး” လို့ ၎င်းက အဆိုပါ ဆွေးနွေးပွဲကြီးအတွင်း ထပ်လောင်း ပြောကြားသတိပေး တာလည်းဖြစ်ပါတယ် လို့ သတင်းဌာနများကဖော်ပြပြောဆိုထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *