စပိန်လက်ရွေးစင်အမျိုးသမီးကစားသမားများ ထပ်မံသပိတ်မှောက်နေပါက နိုင်ငံပွဲကစားခွင့် ငါးနှစ်အထိ ပိတ်ပင်သည့် ပြစ်ဒဏ်နှင့် ရင်ဆိုင်ရနိုင်

စက်တင်ဘာ ၂၂

        Nations League ပွဲစဉ်များအတွက် ရွေး ချယ်ခံရသော်လည်း စပိန်လက်ရွေးစင် အမျိုး သမီး ကစားသမား များအနေနဲ့ ထပ်မံသပိတ် မှောက်နေကြောင်း သိရပါတယ်။

       လက်ရွေးစင်အဖြစ် ရွေးချယ်ခံရသူများတွင် ပြီးခဲ့သည့် ကမ္ဘာ့ဖလားချန်ပီယံဆု ရယူထားသည့်အသင်းမှ ကစားသမား ၁၅ ဦးအထိပါဝင်ခဲ့ပါတယ်။ စပိန်ဘောလုံးအဖွဲ့ချုပ်(RFEF)ဥက္ကဋ္ဌ ရူဘီယာလက်စ် က ဆုပေးပွဲ အခမ်းအနားတွင် ကစားသမားဖြစ်သူ ဟာမိုဆို ကို နမ်းရှုံ့ခဲ့သည့် ပြဿနာပေါ်ပေါက်လာပြီးနောက် ကစားသမား ဟောင်းများအပါအဝင် လက်ရွေးစင်အသင်းက သပိတ်မှောက်ခဲ့ပြီး ရူဘီယာလက်စ် မှာလည်း ရာထူးမှ နုတ်ထွက် ရသည်အထိ ဖြစ်စေခဲ့ပါတယ်။

        ယခုပြောင်းလဲမှုများသည် မိမိတို့အတွက် လုံခြုံမှုရှိသည့် နေရာတစ်ခုအဖြစ် မခံစားရဟုဆိုကာ ဆက်လက် သပိတ်မှောက်သွားမည်ဖြစ် ကြောင်း အတိအလင်းကြေညာပြီး သပိတ်မှောက်နေခဲ့တာဖြစ်ပါတယ်။ သို့သော် စပိန် အမျိုးသမီး ကစားသမားများအနေဖြင့် နိုင်ငံလက်ရွေးစင်အသင်းအတွက် ကိုယ်စားပြုကစားပေးရန် ဆက် လက်ငြင်းဆန်လျှင် ငါးနှစ်အထိ နိုင်ငံပွဲကစားခွင့် ပိတ်ပင်သည့်ပြစ်ဒဏ်နှင့် ရင်ဆိုင်ရနိုင်ကြောင်း သိရပါတယ်။

      စပိန်အမျိုးသမီးအသင်းသည်  စက်တင်ဘာ လ ၂၂ ရက်တွင် ယူကရိန်းအသင်း၊ စက်တင်ဘာ လ ၂၆ ရက် တွင် ဆွစ်ဇာလန်အသင်းများတို့နှင့် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

#PAN