ကန့်ဘလူခရိုင်အတွင်းရှိမြို့နယ်များမှ ပြည်သူ့စစ်အဖွဲ့များဖွဲ့စည်း၍ အကြမ်းဖက်KIA,PDFများကို ချေမှုန်းတိုက်ခိုက်ရန် ပြည်သူ့စစ်အဖွဲ့သို့ နေ့စဉ်ဝင်ရောက်မှုများရှိ

စက်တင်ဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့နယ် နှင့် ကျွန်းလှမြို့နယ်အတွင်းရှိ လူသတ်အကြမ်းဖက်
KIA နှင့် PDFများကို နှိမ်နင်းတိုက်ခိုက်ရန် အထူးကွန်မန်ဒို ပြည်သူ့စစ်အဖွဲ့များ သင်တန်းဆင်းပွဲများဖွင့်လှစ်သင်ကြားပို့ချကာ ပြည်သူ့စစ်အဖွဲ့ဝင်များ နေ့စဉ်တိုးပွားလာနေကြောင်းမြေပြင်သတင်းများအရ သိရှိရပါသည်။

ပြည်သူ့စစ်တပ်ဖွဲ့ဝင်များသည် နိူင်ငံရေးတည်ငြိမ်သည့်ကာလအထိ နိုင်ငံတော်အစိုးရနှင့်
လက်တွဲ၍ မြန်မာ့တပ်မတော်နှင့် မြန်မာနိူင်ငံရဲတပ်ဖွဲ့များနှင့်အတူပူးပေါင်း၍ အကြမ်းဖက်အဖွဲ့များကို နှိမ်နင်းသွားမည်ဖြစ်ပါကြောင်း အားတက်သရောပြောဆိုကြသည့် သတင်းစကားများ ကြားသိရပါသည်။

လက်ရှိကာလအချိန်တွင် လူသတ်အကြမ်းဖက် KIA,PDFအဖွဲ့များသည် စစ်ရေးပစ်မှတ်မဟုတ်တဲ့ လမ်းတံတားဖျက်ဆီးခြင်း၊ကျေးရွာများမီးရှို့ခြင်း ၊လက်နက်မဲ့အရပ်သားပြည်သူများကို သတ်ဖြတ်ခြင်း ၊ ဓားမြတိုက်ခြင်း ၊ ရဟန်းသံဃာများကို သတ်ဖြတ်ခြင်းများ ဆောင်ရွက်နေသည်ဖြစ်သည့်အတွက် ဒေသတွင်းပြည်သူများက နိုင်ငံတော်နှင့်လက်တွဲက ယခုလို ပြည်သူ့စစ်အဖွဲ့များဖွဲ့စည်းလာကြကြောင်း သိရှိရပါသည်။