အုန်းရည် သောက်ခြင်း၏ ကျန်းမာရေး ကောင်း ကျိုးများ

PAN ၏ ကျန်းမာရေးကဏ္ဍ

      အုန်းရည်မှာ ပိုတက်ဆီယမ်၊ ဆိုဒီယမ် နှင့် မက်ဂနီဆီယမ်ကြွယ်ဝစွာပါဝင် ပါတယ်။ အုန်း ရည်သောက်ခြင်းဖြင့် ရေဓာတ်ပြန်လည်ပြည့်ဝစေပါတယ်။ အုန်းရည်မှာ ကယ်လိုရီပါဝင်မှုနည်းပြီး အဆီ နှင့် ကိုယ်လက်စထရောလည်း မပါဝင်ဘူးလို့လည်း ဆိုပါတယ်။

        အုန်းရည် 8 ounces ( 240 ml ) မှာ ကယ်လိုရီ 40-60 ပဲပါဝင်ပါတယ်။ အဲ့ဒါကြောင့် ကယ်လိုရီနည်းတဲ့ အချိုရည်လို့ မှတ်ယူလို့ရပါတယ်။ အုန်းရည် 94% က ရေဖြစ်ပြီး အဆီလည်းမပါဝင်ပါ။ အဲ့ဒါကြောင့် အတော်လေးကောင်းတဲ့ အား ဖြည့်အချိုရည်ဖြစ်ပါတယ်။

        အုန်းရည်မှာ ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်ပြီး သွေးအတွင်းက ပိုလျှံနေတဲ့ ဆိုဒီယမ်တွေကို ဖယ်ထုတ်နိုင်ပါတယ်။ ဒါကြောင့် အုန်းရည်သောက်ခြင်းဖြင့် သွေးတိုးကျစေပါတယ်။ ဒါပြင် ဆီးကျောက်တည်ခြင်းကိုလည်းတားနိုင်တယ်ရေးပါတယ်။


        လေ့လာချက်တွေအရတော့ အုန်းရည်ဟာ ခေါင်း ကိုက်ခြင်းကို သက်သာပျောက်ကင်းစေပါတယ်။ ဒါ့အပြင် အုန်းရည်ဟာ  ကိုယ်ခံအားစနစ်ကို သိသိသာသာ ကောင်းမွန်လာစေပါတယ်။ အုန်းရည်က သင့်အစာခြေစနစ်အတွက် အရမ်းကို အထောက်အကူပြုပါတယ်။ အစာများများစားလာနိုင်သလို သိပ်လည်း ဝမလာနိုင်ပါဘူး။ အစာ ခြေစနစ်ကောင်းလာတဲ့အခါ ဝိတ်လည်း ကျလာတော့မှာ ဖြစ်ပါတယ်။

#PAN