သံဖြူဇရပ်မြို့တွင် လူမှုကွန်ယက် Facebook စာမျက်နှာပေါ်၌ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော  CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ် ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူ နှစ်ဦးကို သက်သေများနှင့်အတူဖမ်းဆီး အရေးယူ

စက်တင်ဘာ ၂၁

       ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲ အချိန်ခန့်တွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ မြို့မရဲစခန်းမှ စခန်းမှူးဦးစီး ရဲတပ်ဖွဲ့ဝင်များသည် အောင်ဇေယျရပ် ကွက်၊ ဗိုလ်နေဝင်းလမ်းဘေးတွင်ရှိသော “ကျော်ကျော်ကြား ဖုန်းပြုပြင်ရောင်းဝယ်ရေး”ဆိုင်မှ ပိုင်ရှင်နှင့်အလုပ် သမားများသည် လူမှုကွန်ယက် Facebook စာမျက်နှာပေါ်တွင် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော  CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ် ဆောင်ခြင်း၊ အားပေးကူညီခြင်းများ၊ တည်ဆဲအစိုးရနှင့် တပ်မတော်သားအား အကြည်အညိုပျက်စေသည့် စာသားများ ဖြန့်ဝေခြင်း၊ ပြည်သူလူထုအထိန့်တလန့်ဖြစ်စေသည့် သတင်းများဖြန့်ဝေခြင်း၊ နိုင်ငံ့ဝန်ထမ်းများ အား CDM ပြုလုပ်ရန်လှုံ့ဆော်သည့် Postများ ဖြန့်ဝေခြင်းတို့ ပြုလုပ်နေကြောင်း သတင်းအရ သက်သေများနှင့်အတူ “ကျော်ကျော်ကြား ဖုန်းပြုပြင်ရောင်းဝယ်ရေး” ပိုင်ရှင် အောင်ကိုဟိန်း၊ ၃၇ နှစ်၊ (ဘ) ဦးခင်မောင်ထွေး၊ ၁၀/သဖရ(နိုင်)၁၀၆၆၈၉၊ မွန်/ဗုဒ္ဓ၊ ဖုန်း ပြုပြင်ရောင်းဝယ်ရေး၊ အောင်သာယာရပ် ကွက်၊ သံဖြူဇရပ်မြို့နေသူအား ရဲစခန်းသို့ခေါ်ယူ စစ်ဆေးခဲ့ကြောင်း သိရသည်။

         ထိုသို့ ခေါ်ယူစစ်ဆေးရာမှ ၎င်းကိုင်ဆောင်သော ဖုန်းနံပါတ်-09693099299 နှင့် 0977100700 ပါ Honor-90 ခဲရောင်ဖုန်းမှ Aung Ko Hein Face book Account ကိုစစ်ဆေးရာ နိုင်ငံ့ဝန်ထမ်းများ CDM ပြုလုပ်ရန် လှုံ့ ဆော်သည့် Post ၂ ခု၊ ပြည်သူများ အထိန့်တလန့်ဖြစ်စေသည့်စာသားများပါသော Post ၄ ခု၊ CRPH အားထောက်ခံသော Post ၃ ခု၊ အစိုးရနှင့် တပ်မတော်အား အကြည်အညိုပျက်စေသည့် စာသားများပါသည့် Post ၁ ခု၊စုစုပေါင်း Post ၁၀ ခုကို တင်ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။

        အလားတူ အဆိုပါ ဖုန်းပြုပြင်ရောင်းဝယ်ရေးဆိုင်မှ ဖုန်းပြုပြင်သူညီညီထွေး၊၂၅ နှစ်၊ (ဘ)ဦးအောင်ဝင်း၊ ၁၀/ကမရ(နိုင်)၁၃၂၇၆၈၊ မွန်/ဗုဒ္ဓ၊ ဖုန်းပြုပြင်လုပ်ငန်း၊ ကြံတောကျေးရွာ၊ ကဒါအုပ်စု၊ ကျိုက်မရောမြို့နယ်နေသူကိုလည်း ရဲစခန်းသို့ခေါ်ယူ၍ ၎င်းကိုင်ဆောင်သော ဖုန်းနံပါတ်-09785960181 နှင့် 09959534328 ပါ Sunsung Galaxy A 32  ခရမ်း ရောင်ဖုန်းမှ Nyi Nyi Htwe Face book Accountအား စစ်ဆေးရာ ပြည်သူလူထု အထိန့်တလန့်ဖြစ်စေမည့်သတင်းများ Post ၃ ခု ဖြန့်ဝေထားခြင်း၊ ကျောင်းမတက်ရန် လှုံ့ဆော် ထားသော Post ၄ ခု ဖြန့်ဝေထားခြင်း၊ ပြည်သူလူထုအထိန့်တလန့်ဖြစ်စေရန် စာသားပါသည့် Post ၅ ခု၊ စုစုပေါင်း Post ၁၂ ခုတို့အား တင်ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။

        ထိုသို့ စစ်ဆေးတွေ့ရှိမှုများအရ အောင်ကိုဟိန်း (ဘ)ဦးခင်မောင်ထွေးနှင့် ညီညီထွေး၊(ဘ)ဦးအောင်ဝင်း တို့အပေါ် ဥပဒေအရအရေးယူနိုင်ရန် ယမန်နေ့ ည ၈ နာရီခွဲအချိန်တွင်သံဖြူဇရပ်မြို့မ ရဲစခန်း၏(ပ)၈၃/ ၂၀၂၃၊ ရာဇသတ်ကြီးပုဒ်မ- ၅၀၅-က ဖြင့် အမှုဖွင့်လှစ်ပြီး အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN