လှိုင်သာယာအနောက်ပိုင်းမြို့နယ်တွင် လျှပ်စစ်စီးနေသော ရေဆိုနေသည့် အုတ်နံရံကို ထိကပ်မိရာမှအသက် ၇၄ နှစ်ခန့် အမျိုးသမီး တစ်ဦးကို ဓာတ်လိုက်သေဆုံး

စက်တင်ဘာ ၂၁

      ယနေ့  နံနက် ၇ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် လှိုင်သာယာ အနောက်ပိုင်းမြို့နယ်၊ ၁၉ ရပ်ကွက် ၊ ဦးချစ်မောင်လမ်း ၌ အသက် ၇၄ နှစ်ခန့် အမျိုး သမီး နေအိမ်တွင် ဓာတ်လိုက်၍ ဆေးရုံးသို့ ပို့ ဆောင်ရာလမ်းတွင် သေဆုံးသွားကြောင်း သိရှိရပါသည်။

       သေဆုံးသူမှာ ဒေါ်မြင့်ကြည်၊ ၇၄ နှစ်၊ (ဘ) ဦးမောင်ကျော်သွင်၊ မှီခို၊ အမှတ် ၁၁၂၄ / က ၊ဦးချစ်မောင်လမ်း၊(၁၉)ရပ်ကွက်၊လှိုင်သာယာ အနောက်ပိုင်းမြို့နယ်နေသူ ဖြစ်သည်။ ၎င်း၏ နေအိမ်ခေါင်မိုးမှ နေအိမ်အတွင်းသို့ ဖောက်ဆွဲထားသော လျှပ်စစ် မီးကြိုးမှတဆင့် ရေဆိုနေသော အုတ်နံရံကို လျှပ်စစ်စီးနေစဥ် အဆိုပါ အုတ်နံရံကို ထိကပ်မိရာမှ ဓာတ်လိုက်ရခြင်းဖြစ် ကြောင်း သတင်းရရှိရပါသည်။

#PAN