“လက်ဘနွန်နိုင်ငံအတွင်းရှိ အမေရိကန် သံရုံး အား အမည်မသိ အဖွဲ့ က လက်နက် ငယ်များဖြင့် ပစ်ခတ်တိုက် ခိုက်မှုများဖြစ်ပွားခဲ့”

စက်တင်ဘာ ၂၁

လက်ဘနွန်နိုင်ငံ မြောက်ဘက်စွန်းပိုင်း Awkar ဒေသရှိ အမေရိကန်နိုင်ငံ သံရုံး အား လက်နက် ငယ်များဖြင့် ပစ်ခက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ တာဖြစ်ပါတယ်။

ဖြစ်စဥ်မှာ လိုင်စင်နံပါတ်ပြားမပါသော လေးဘီး ယက် ကားတစ်စီးအတွင်းမှ လက်ဘနွန်နိုင်ငံ Awkar ဒေသရှိ အမေရိကန်သံရုံး၏ ပင်မဝင်ပေါက်ကို ပစ်ခတ်ခဲ့ပြီး အမေရိကန် သံရုံး၏ စစ်ကားတစ်စီးကိုလည်း အဆိုပါပစ်ခတ်မှုများပြုလုပ်နေသည့် ကားက ဝင်တိုက် ခဲ့ပါတယ်။

လက်ဘနွန်နိုင်ငံ ရှိ အမေရိကန်သံရုံးအနီးတွင် ပြီးခဲ့သည့် စက်တင်ဘာ ၂၀ရက် ဗုဒ္ဓဟူးနေ့နှောင်းပိုင်းအချိန်ခန့်က သေနတ် ပစ်ခတ်မှုဖြစ်ပွားခဲ့သော်လည်း ထိခိုက် ဒဏ်ရာရရှိမှုမရှိကြောင်း အဆိုပါ
အမေရိကန်သံရုံး၏ ပြောရေးဆိုခွင့်ရှိသူ Jake Nelson က ပြောကြားခဲ့ပါတယ်။

“ဒေသစံတော်ချိန် ည ၁၀:၃၇ နာရီအချိန်မှာ လက်နက်ငယ်များနဲ့ သံရုံးအတွင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ သတင်းပေးပို့ထားပါတယ်။ ထိခိုက်ဒဏ်ရာရသူ မရှိသလို ကျွန်တော်တို့ရဲ့ အဆောက်အဦ လည်း လုံခြုံပါတယ်။ အိမ်ရှင်နိုင်ငံ ဥပဒေစိုးမိုးရေး အာဏာပိုင်တွေနဲ့ အနီးကပ် ဆက်သွယ်ပြီးပါပြီ”လို့ Nelson ပြောကြားခဲ့ပါတယ်။

ထို့နောက် လွန်ခဲ့သည့် ၁၉၈၃ခုနှစ်တွင် လက်ဘနွန်နိုင်ငံ ဘေရွတ်ရှိ အမေရိကန် သံရုံးအား အသေခံဗုံးခွဲတိုက်ခိုက်ခံခဲ့ရပြီး သံရုံး ဝန်ထမ်းများ အပါအဝင် လူ ၆၀ ကျော် သေဆုံးခဲ့ရပြီးနောက် အမေရိကန် သံရုံးအား ဘေရွတ် မှ Awkar သို့ ပြောင်းရွှေ့ ခဲ့ကြရတာဖြစ်ပါတယ်လို့ သတင်းဌာန များကဖော်ပြပြောဆိုထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *