မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA)ကပထမဆုံး လေကြောင်းကုန်စည်ပို့ဆောင်ရေး ခရီးစဉ်များ စတင်ပြေးဆွဲ

စက်တင်ဘာ ၂၁

        စက်တင်ဘာလ ၁၉ ရက်မှစတင်ပြီး မြန်မာအမျိုး သားလေကြောင်းလိုင်း (MNA)ရဲ့ ပထမဆုံး လေ ကြောင်းကုန်စည်ပို့ဆောင်ရေးခရီးစဉ်အဖြစ် Boeing 737 -400 အမျိုးအစား ကုန်တင်လေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထိုင်းနိုင်ငံ ဘန် ကောက်မြို့သို့  စတင်ပြေးဆွဲပြီဖြစ်ကြောင်း သိရှိရပါသည်။

        ယခုပြေးဆွဲသည့် ကုန်တင်လေယာဉ်အသစ်သည် စက်တင်ဘာလ ၁၅ ရက်က ရောက်ရှိခဲ့တာ ဖြစ်ပြီး ကုန်တန်ချိန် ၁၈ တန်အထိ သယ်ဆောင်နိုင်ပါသည်။ ယခု ပထမဆုံး ကုန်တင်ပို့သည့်ခရီးစဉ်တွင်  ကုန်စည် စုစုပေါင်း တန်ချိန် ၁၅ ဒသမ ၉ တန် သယ်ယူပို့ဆောင်ခဲ့ကြောင်း သိရှိရပါသည်။

        ကုန်တင်လေယာဉ်ခရီးစဉ်များကို တိုးချဲ့ပျံသန်းပြေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်နေပြီး ဒေသတွင်းနိုင်ငံ များဖြစ်သည့် တရုတ်၊ စင်္ကာပူ၊ မလေးရှားနှင့် အိန္ဒိယနိုင်ငံတို့ကို ထပ်မံတိုးချဲ့ ပျံ သန်းသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ 

         အဆိုပါ Boeing 737-400 Cargo လေယာဉ်သည် မြန်မာအမျိုးသားလေကြောင်း (MNA)၏ (၇၅) နှစ် မြောက် စိန်ရတုနှစ်အထိမ်း အမှတ်အနေဖြင့် ရန်ကုန်မြို့သို့ စက်တင်ဘာလ ၁၅ ရက်က စတင် သယ်ဆောင်လာခြင်းဖြစ်ပြီး ထိုလေယာဉ်ဖြင့် မြန်မာအမျိုးသားလေကြောင်း ၏ ကုန်ပစ္စည်း သယ်ယူပို့ဆောင်သည့်ခရီးစဉ်များကို ပိုမိုချဲ့ထွင် ပျံသန်းပို့ဆောင်ပေးနိုင်မှာ ဖြစ် သည်ဟု MNA မှ ထုတ်ပြန် ထားပါသည်။

#PAN