မတ္တရာမြို့နယ်၊ထန်းပင်ကုန်းကျေးရွာ၊အယ်လ်ဖာ ဘိလပ်မြေစက်ရုံသို့သွားသည့် လမ်းခွဲအနီးတွင် အမည်မသိ အမျိုးသား ၄ ဦး ဒဏ်ရာများဖြင့် သေဆုံးနေ

စက်တင်ဘာ ၂၁

      မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ထန်းပင်ကုန်းကျေးရွာအုပ်စု၊ထန်းပင်ကုန်းကျေး ရွာ၊အယ်လ်ဖာ ဘိလပ်မြေစက်ရုံသို့သွားသည့် လမ်းခွဲအနီးတွင် ယမန်နေ့ နံနက် ၈ နာရီအချိန်ခန့်တွင်  အမည်မသိ အမျိုးသား ၄ ဦး၊ဒဏ်ရာများဖြင့် သေဆုံးနေကြောင်းသတင်းအရ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများမှ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ အမည်မသိ အမျိုးသား ၄ ဦး သေနတ်ကျည်နှင့် ဓားဒဏ်ရာများဖြင့် သေ ဆုံးနေကြောင်း သိရှိရပါသည်။

       အဆိုပါ သေဆုံးသူများမှာ အသက် ၅၆ နှစ်ခန့် အမျိုးသားမှာ နဖူးမှကျည်ဖောက်ဝင်ပြီး နောက်စေ့သို့ ကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ယာ-ရင်အုံမှကျည်ဖောက်ဝင်ပြီး နောက်ကျောသို့ ကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်ဖြင့်လည်း ကောင်း၊ အမည်မသိ၊အသက် ၄၃နှစ်ခန့် အမျိုး သားမှာ လည်ပင်းပြတ်ရှဒဏ်ရာ ၁ ချက်၊ဝဲ/ယာရင်အုံ ထိုးသွင်းဒဏ်ရာ ၁ ချက်စီ၊ရင်ညွန့် ထိုးသွင်းဒဏ်ရာ ၁ ချက်၊ဝဲ/ယာပေါင် ပြတ်ရှဒဏ်ရာများ၊ဝဲ-လက် ပြတ်ရှဒဏ်ရာ ၃ ချက်ဖြင့်လည်း ကောင်း၊ အမည်မသိ၊အသက် ၃၈နှစ်ခန့် အမျိုး သားမှာ နဖူးပြတ်ရှဒဏ်ရာ ၃ ချက်၊လည်ပင်း ပြတ်ရှဒဏ်ရာ ၁ ချက်၊ဝဲ/ယာရင်အုံ ထိုးသွင်းဒဏ်ရာ ၁ ချက်စီ၊ဝမ်းဗိုက် ထိုးသွင်းဒဏ်ရာ ၄ ချက်၊ဝဲ-ပေါင် ထိုးသွင်းဒဏ်ရာ ၁ ချက်ဖြင့်လည်း ကောင်း၊ အမည်မသိ၊အသက် ၅၂နှစ်ခန့် အမျိုး သားမှာ လည်ပင်း ပြတ်ရှဒဏ်ရာ ၁ ချက်၊ဝဲ-ရင်အုံ ထိုးသွင်းဒဏ်ရာ ၁ ချက်၊ယာ-ပေါင် ပြတ်ရှဒဏ်ရာ ၁ ချက်တို့ဖြင့်လည်းကောင်း သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း သတင်းရရှိပါသည်။

       အဆိုပါ သေဆုံးသူများမှာ မည်သူမည်ဝါဖြစ် ကြောင်း နယ်မြေလုံခြုံရေးအဖွဲ့များက စုံစမ်းစစ်ဆေးလျှက်ရှိပြီး လူသတ်တရားခံများကို ဖမ်း ဆီးရမိရေး ပိတ်ဆို့ရှာဖွေ စစ်ဆေးလျှက်ရှိကြောင်း သိရပါသည်။

#PAN