စက်တင်ဘာ ၂၁
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့ နယ်၊ ဒေါက်ရပ်ကျေးရွာအုပ်စုရှိ ရွှေအင်းဒုံကျေး ရွာနှင့် ဒေါက်ရပ်ကျေးရွာကြား၊ ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းပေါ်တွင် ယနေ့ မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်က ခရီးသွား Honda Fit ကားတစ်စီးအား အကြမ်း ဖက်သောင်းကျန်း သူ KNU တပ်မဟာ( ၁ ) နှင့် PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့က လက်နက်မဲ့ခရီးသွားပြည်သူများအားအကြောင်းမဲ့ လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ နှစ်ဦး ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက်သောင်းကျန်းသူ KNU တပ်မဟာ( ၁ ) နှင့် PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့များ သည် ရန်ကုန် – ဘားအံ့ – မြဝတီလမ်းပေါ်တွင် အများပြည်သူများ သွားလာနေမှုများကို ကြောက်ရွံထိတ်လန့်မှုများဖြစ်ပေါ်စေရန် လက် နက်မဲ့ အပြစ်မဲ့ အရပ်သားပြည်သူများကို ပစ်မှတ်ထား ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ထိုသို့ ပစ်ခတ်တိုက်ခိုက်နေခြင်းသည် နိုင်ငံတကာစစ် ဥပဒေ (ခေါ်) ဂျီနီဗာကွန်ဗင်းရှင်း၏ နောက်ဆက် တွဲစာချုပ် (၁)၊ အပိုဒ် ၅၂ အပိုဒ်ခွဲ(၂)ပါ ပြည် တွင်း စစ်ပွဲများတွင် ဘက်နှစ်ဖက် စစ်ဆင်တိုက် ခိုက်နေစဉ် စစ်ရေးပစ်မှတ်ကိုသာ တိုက် ခိုက်ခွင့်ရှိသည်ဟုသောအချက်ကို ချိုးဖောက်နေကြောင်း သိရပါသည်။
#PAN