ပြည်ပအင်အားစုများသည် ဒေသတွင်း၌ အရှေ့ တောင်အာရှနိုင်ငံများအား သဘောထားကွဲလွဲမှုဖြစ်ပေါ်အောင် ကြိုးစားနေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က သတိပေး ပြောကြား

(နိုင်ငံတကာသတင်းဆောင်းပါး)

       နိုင်ငံများ၏ ကြီးမားသည့် အင်အားပြိုင်ဆိုင်မှုတွင် အသုံးချခံမဖြစ်ရအောင် ယူကရိန်းစစ်ပွဲ၏
ကြေကွဲစရာဖြစ်ရပ်များသည် အာရှတိုက်တွင် ထပ်မံမဖြစ်သင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က စက်တင်ဘာလ ၂ ရက်တွင် နိုင်ငံများအား သတိပေးပြောကြားခဲ့ပါသည်။

      ပြည်ပအင်အားစုများအနေဖြင့် တောင်တရုတ်ပင်လယ်အရေး သဘောတူညီမှုအား တားဆီးရန် အတွက် အိမ်နီးချင်းနိုင်ငံများနှင့် တင်းမာမှုများ ဖြစ်ပေါ်လာအောင် အရှေ့တောင်အာရှနိုင်ငံများ
အဖွဲ့ (ASEAN)အကြား သဘောထားကွဲလွဲမှုများ ဆောင်ရွက်လျက်ရှိကြောင်း Wang Yi က ပြောကြားခဲ့ပါသည်။ တောင်တရုတ်ပင်လယ်အရေး၏ နှစ်ပေါင်းများစွာ ငြိမ်းချမ်းရေးအား ထိခိုက်စေသည့် ပြဿနာများအား နှိုးဆော်ရန် ကြိုးပမ်းနေသော ပထဝီဝင်နိုင်ငံရေး လိုအပ်ချက်များ ဆောင် ရွက်ရန် ရည်ရွယ်ထားသည့် နောက်ကွယ်မှ ဆောင်ရွက်နေသူအား ထုတ်ဖော်သင့်ကြောင်း Wang Yi က အင်ဒိုနီးရှားနိုင်ငံတွင်ပြုလုပ်ခဲ့သည့် နိုင်ငံခြားရေးမူဝါဒအသိုက်အဝန်းညီလာခံ ၏ ဗီဒီယိုမိန့်ခွန်းတွင်ပြောကြားခဲ့ပါသည်။

      ကျွန်ုပ်တို့အနေဖြင့် စစ်အေးတိုက်ပွဲ စိတ်ဓာတ်ကို စွန့်လွှတ်သင့်ပြီး ကစားပွဲသီအိုရီနှင့် စီးပွားရေး
သီအိုရီများတွင် ရလဒ်သည် တစ်ဖက်အတွက် အားသာချက်ဖြစ်ပြီး အခြားတစ်ဖက်အတွက်ညီမျှသော ဆုံးရှုံးမှုတစ်ခုဖြစ်စေသည့် zero-sum games အား ဆန့်ကျင်၍ ဒေသအား ပထဝီဝင်နိုင်ငံရေး တွက်ချက်မှုများနှင့် ကင်းဝေးအောင်ထိန်းသိမ်းထားပြီး ကြီးမားသော အင်အား ပြိုင်ဆိုင်မှုတွင် အသုံးချခံမဖြစ်လာသင့်ကြောင်းနှင့် ယူကရိန်းပြဿနာသည် လူသားများအတွက် နှိုးဆော်မှုတစ်ခုဖြစ်ပြီး အာရှတိုက်တွင် အဆိုပါအဖြစ်ဆိုးမျိုး ထပ်မဖြစ်သင့်ကြောင်း Wang Yi က သတိပေးခဲ့ပါသည်။

       အာဆီယံအား ချယ်လှယ်နေကြောင်း စွပ်စွဲခဲ့သည့် ပြည်ပအင်အားစုအား Wang Yi က အမည်
မဖော်ပြခဲ့သော်လည်း တရုတ်နိုင်ငံအရေးလေ့လာသုံးသပ်သူများက အမေရိကန်နိုင်ငံနှင့် ၎င်း၏
မဟာမိတ်နိုင်ငံများကို ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ကြပါသည်။ Wang Yi ၏မှတ်ချက်များသည် ဒေသတွင်း ရုရှားနှင့် ယူကရိန်းကြား စစ်ရေးပဋိပက္ခကဲ့သို့ ပြဿနာအချို့အား ဖန်တီးရန် ဆောင်ရွက်လာနိုင်သည့် အမေရိကန်၏ မဟာဗျူဟာအစီအစဉ်အပေါ် တရုတ်နိုင်ငံ၏ စိုးရိမ်မှုအား ထင်ဟပ်စေကြောင်း ပေကျင်းအခြေစိုက် Yuan Wang စစ်ဘက်ဆိုင်ရာသိပ္ပံ နှင့် နည်းပညာဆိုင်ရာ အကြံပေးအဖွဲ့မှ Zhou Chenming က ပြောကြားခဲ့ပါသည်။

       မကြာသေးမီကာလတွင် တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့အား အားကောင်းလာစေရန်
ကိုရီးယားကျွန်းဆွယ်နှင့် အရှေ့မြောက်ဒေသတွင် အမေရိကန်၏ စစ်ရေးတပ်ဖြန့်ချထားမှု၊ Aukus သဘောတူညီချက်အရ ဩစတြေးလျနှင့် ဗြိတိန်နိုင်ငံတို့ ချိတ်ဆက်ဆောင်ရွက်မှုနှင့် အခြားလှုပ်ရှားမှုများသည် အမေရိကန်အနေဖြင့် ထိုင်ဝမ်စစ်ပွဲဖြစ်လာသည့်အချိန်တွင် အမျိုးမျိုးသော နည်းလမ်းများဖြင့် တရုတ်တပ်မတော်၏ စစ်ရေးအင်အားကို ဖြိုခွဲရန်ဖြစ်ပါသည်။

       ထိုင်ဝမ်သည် အန္တရာယ်အရှိဆုံး ဖြစ်နိုင်ချေရှိသည့် အချက်ဖြစ်သော်လည်း မြောက်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့အကြား အိမ်နီးချင်းနိုင်ငံများ ၏ နယ်မြေအငြင်းပွားမှုသည် အကျပ်အတည်း ဖြစ်လာနိုင်ကြောင်း တရုတ်နိုင်ငံ၏ ပြည်သူ့လွတ် မြောက်ရေးတပ်မတာ် (PLA)၏ ယခင်နည်းပြဟောင်း Song Zhongping က ပြောကြားခဲ့ပါ သည်။ ဒေသတွင်း proxy war ပြုလုပ်ရန် အမေရိကန်၏ ကြိုးပမ်းအားထုတ်မှုများကို သတိရှိရန်
အာဆီယံကို သတိပေးထားကြောင်းနှင့် စီးပွားရေးနှင့် ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊ ကိုလိုနီစနစ်အား ဆန့်ကျင်ရန် လွတ်လပ်သောနိုင်ငံအသစ်များ၏ သဘောတူခဲ့ကြသည့် ၁၉၅၅ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ၊ ဘန်ဒေါင်း မြို့တွင်ပြုလုပ်ခဲ့သော ညီလာခံ၏ အနှစ်သာရအား ကိုးကား၍ Wang Yi က ၎င်း၏မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။

        တွေ့ဆုံဆွေးနွေးမှုများနှင့် ပူးပေါင်းဆောင် ရွက်မှုများမှတစ်ဆင့် ဒေသတွင်းလုံခြုံရေးအား
မြှင့်တင်ရမည်ဖြစ်ကြောင်းနှင့် ဒေသတွင်း ခက်ခက်ခဲခဲရခဲ့သည့် ငြိမ်းချမ်းရေးအား အတူတကွကာကွယ်ရမည်ဖြစ်ကြောင်း Wang Yi က ပြော ဆိုခဲ့ပါသည်။ နိုင်ငံခြားရေးဝန်ကြီးဟောင်းဖြစ်သူ Qin Gang အား ဇူလိုင်လတွင် အကြောင်းပြချက်မရှိဘဲရာထူးမှ ဖယ်ရှားခဲ့ပြီးနောက် တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒရေးရာ အကြီးအကဲဖြစ်သည့် Wang Yi သည် ၎င်း၏ အလုပ်ဟောင်းဖြစ်သည့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ပြန်လည်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

        တောင်တရုတ်ပင်လယ်အတွက် တရားဝင်စည်းမျဉ်းစည်းကမ်းဆိုင်ရာ ဆွေးနွေးပွဲများအား
အဆုံးသတ်နိုင်ရန်အတွက် အာဆီယံအဖွဲ့ဝင်များအား တိုက်တွန်းခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာ မြင့်ခဲ့သော်လည်း ပြီးခဲ့သည့်နှစ်တွင် သဘောတူညီချက်ရရှိရန် လွဲချော်ခဲ့ပါသည်။

     တရုတ်နိုင်ငံသည် သယံဇာတပေါကြွယ်ဝ သော ရေပိုင်နက်အများစုအား တောင်းဆိုထား
သော်လည်း ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှားနှင့် ဘရူနိုင်းနိုင်ငံများ၏ စိန်ခေါ်မှုများနှင့် ကြုံတွေ့
ရလျက်ရှိပါသည်။ တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများအကြား သဘောထားကွဲလွဲမှု အများကြီးရှိနေသောကြောင့် ကျင့်ဝတ်စည်းမျဉ်း (code of conduct-COC)အား ယခုနှစ်ကုန်တွင် အပြီး သတ်ရန် မဖြစ်နိုင်ကြောင်း တောင်တရုတ်ပင်လယ်လေ့လာရေးအထူးပြု Jinan တက္ကသိုလ်မှ ပါမောက္ခ Zhang Mingliang က ပြောကြားခဲ့ပါသည်။

       အဓိကအတားအဆီးများအနက် စေ့စပ်ညှိ နှိုင်းမှုများတွင် အမေရိကန်နိုင်ငံကဲ့သို့ ပြည်ပအင်အားစုများအား ဖယ်ထုတ်သင့်ကြောင်းနှင့် ဥပဒေအရ စည်းမျဉ်းစည်းကမ်းအတွက် မည်သို့ ပြစ်ဒဏ်များ သတ်မှတ်ချက်များအား တရုတ်နိုင်ငံက တောင်းဆိုထားသော်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံ့ခေါင်းဆောင်များမှ သဘောမတူကြောင်း သိရှိရပါသည်။

(South China Morning Post မှ China’s Foreign Minister Wang Yi warns Southeast Asian countries ‘external forces’ are trying to ‘sow discord’ in region သတင်းဆောင်းပါးကို ဆီလျော်စွာ ဘာသာပြန်ဆိုပါသည်)
https://www.scmp.com/

#PAN