ပေါင်မြို့နယ် ၊ အုန်းတစ်ပင်ကျေးရွာနေထိုင်သူ အရပ်သားပြည်သူတစ်ဦး ပေါင်-သထုံခရိုင်ချင်းဆက်လမ်းပေါ်၌ ပစ်သတ်ခံရ

စက်တင်ဘာ ၂၁

ယမန်နေ့ည ၉ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် ပေါင်မြို့နယ်၊ အုန်းတပင်ကျေးရွာအနီး ပေါင်-သထုံခရိုင်ချင်းဆက်လမ်းပေါ်တွင်လူတစ်ဦးပစ်ခတ်ခံရကြောင်းသတင်းအရ နယ်မြေခံလုံခြုံရေးအဖွဲ့များကသွားရောက်စစ်ဆေးခဲ့ကြောင်းသတင်းများအရ သိရှိရပါသည်။

အဆိုပါ ဖြစ်စဉ်နေရာတွင် မုတ္တမကျေးရွာမှ အုန်းတပင်ကျေးရွာသို့ ဟွန်ဒါဖစ် (ယာဉ်အမှတ်၊ 1F/****(ခဲရောင်)
ယာဉ်ဖြင့်ပြန်လာသော ဝင်းဇော် (ခ) ဂျက်ကော့ ၅၃နှစ်(ဘ)ဦးမောင်ကြိုင်သည် အုန်းတစ်ပင်ကျေးရွာ ၊ မုတ္တမကျေးရွာအုပ်စု ၊ ပေါင်မြို့နယ် နေထိုင်သူဖြစ်‌ကြောင်း ၊၎င်း၏ယာဉ်ဘေးတွင် လက်နက်ငယ် ကျည်ဦးခေါင်း ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်းသိရ၍ တာဝန်ရှိလုံခြုံရေးပူးပေါင်းအဖွဲ့များက နယ်မြေရှင်းလင်းရေး ဆောင်ရွက်လျက်ရှိ ကြောင်း သိရှိပါသည်။