“ပိုလန်နိုင်ငံက ၎င်းတို့စစ်တပ်အား ခေတ်မှီ စစ် လက်နက်များ တပ်ဆင်နေရသောကြောင့် ယူကရိန်း နိုင်ငံအား စစ်လက်နက် ထောက်ပံ့ ပေးပို့မှုများကို ရပ်နား လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့”

စက်တင်ဘာ ၂၁

ပိုလန်နိုင်ငံအစိုးရ က ယူကရိန်းနိုင်ငံအား စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေး ပို့တော့မည်မဟုတ်ကြောင်း ထုတ်ပြန် ကြေညာလိုက်တာလည်းဖြစ်ပါတယ်။

ပိုလန်အစိုးရ၏ ဝန်ကြီးချုပ် ဖြစ်သည့် Mateusz Morawiecki က ပြီးခဲ့သည့် စက်တက်ဘာ ၂၀ရက်နေ့တွင် Polsat News ရုပ်သံလိုင်းနဲ့ တွေ့ဆုံမေးမြန်းမှုများအတွင်း အထက်ပါ အတိုင်း ကြေညာခဲ့ တာလည်း ဖြစ်ပါတယ်။

Polsat သတင်းရုပ်သံလိုင်း က ပိုလန်နိုင်ငံ အနေဖြင့် ကိယက်ဗ်(ယူကရိန်း)ကို စစ်ရေးအရ ဆက်လက်ပံ့ပိုးပေးမှာလားဆိုတဲ့ မေးခွန်းကို ဖြေကြားရာတွင် ပိုလန်နိုင်ငံ က ယူကရိန်းတို့ကို စစ်လက်နက် နှင့် ထောက်ပံ့ပေးပို့မှုများ မပြုလုပ်တော့ဘူးလို့ Morawiecki ပြောကြားခဲ့ပါတယ်။

“ယူကရိန်းတို့က အင်အားအလွန်ကြီးမားတဲ့ ရုရှားတွေရဲ့တိုက်ခိုက်မှုကို ခုခံကာကွယ် နေရတာပါ။ ဒီအခြေအနေကို ကျနော် နားလည်ပါတယ်။ ဒါပေမယ့် ကျနော် ပြောခဲ့သလိုပဲ ကျနော် တို့နိုင်ငံကိုလည်း ကာကွယ်သွားဖို့လိုပါသေးတယ်။ အခု ပိုလန်စစ်တပ်ကို ခေတ်မှီလက်နက်တွေ တပ်ဆင်နေတာကြောင့် ယူကရိန်းကို လက်နက်တွေ မလွှဲပြောင်းတော့ဘူး” လို့ Morawiecki က Polsat News ရုပ်သံလိုင်းသို့ ပြောကြားခဲ့ကြောင်း ပိုလန် ဝန်ကြီးချုပ်ရုံးကလည်း သတင်းထုတ် ပြန်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *