ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဗန်ကောက်မြို့ အခြေစိုက် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုများရုံး၏ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူးအား လက်ခံတွေ့ဆုံ

စက်တင်ဘာ ၂၂

       ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဗန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂစီမံကိန်းဝန် ဆောင်မှုများရုံး၏ အာရှဒေသဆိုင်ရာ ညွှန်ကြား ရေးမှူး မစ္စတာ ဆန်ဂျေးမာသာအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်၊ ၁၃၀၀ နာရီချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

        တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံအစိုးရနှင့် ကုလသမဂ္ဂ စီမံကိန်းဝန်ဆောင်မှုများရုံးတို့ အကြား လက်ရှိပူးပေါင်းဆောင်ရွက်မှုနှင့် အနာ ဂတ် တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် ပတ် သက်၍ ဆွေးနွေးခဲ့ကြပါသည်။

         အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ရန်ကုန်မြို့အခြေစိုက် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုများရုံး၏ မြန်မာဘနိုင်ငံဆိုင်ရာ ယာယီညွှန်ကြားရေးမှူး Ms. Sara Austin Netzer တို့ တက်ရောက်ခဲ့ကြပါသည်။ 

#PAN