“တောင်ကိုရီးယား နိုင်ငံအတွင်း တရုတ်နိုင်ငံ ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံ အစိုးရ တို့၏ အကြီးတန်း အရာရှိကြီးများ ပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားဖွယ်ရှိနေ”

စက်တင်ဘာ ၂၁

တောင်ကိုရီးယားနိုင်ငံ အစိုးရက ဂျပန်နိုင်ငံ နှင့် တရုတ်နိုင်ငံတို့မှ အကြီးတန်း အရာရှိကြီးများ နှင့်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်နိုင်ရန် ရှိနေကြောင်း သတင်းဌာနများက ဖော်ပြ ပြောဆိုထားကြပါတယ်။

သတင်းဌာနများက တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံအစိုးရ တို့မှ အကြီးတန်းအရာရှိများသည် လာမည့် စက်တင်ဘာ ၂၆ ရက်နေ့တွင် ဆိုးလ်(ကိုရီးယား) ၌ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါ တွေ့ဆုံမှုများသည် လွန်ခဲ့သည့် ၄နှစ်တာကာလ အတွင်း တရုတ် – ဂျပန် – တောင်ကိုရီးယား နိုင်ငံတို့မှ ခေါင်းဆောင်များ၏ ပထမဆုံး ထိပ်သီးဆွေး နွေးပွဲကျင်းပခြင်း လည်း ဖြစ်ကြောင်း ရေသား ဖော်ပြထား ကြပါတယ်။

အဆိုပါ တွေ့ဆုံပွဲကို တောင်ကိုရီးယားနိုင်ငံ၏ နိုင်ငံရေး ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Jung Byung-won၊ ဂျပန်နိုင်ငံမှ Funakoshi Takehiro နှင့် တရုတ်နိုင်ငံမှ Nong Rong တို့ပါဝင်တတ်ရောက်ပြီး တွေ့ဆုံဆွေး နွေးမှုများပြု လုပ်သွားကြမှာ လည်းဖြစ်ပါတယ်။

တရုတ် – ဂျပန် – တောင်ကိုရီးယား နိုင်ငံတို့၏ ထိပ်တန်းခေါင်းဆောင်များ ၂၀၀၈ ခုနှစ်ကတည်းက နှစ်စဉ် ကျင်းပနိုင်ရန် သဘောတူညီခဲ့ကြသော်လည်း အဆိုပါ နိုင်ငံများမှ ခေါင်းဆောင်များသည် ၂၀၁၉ ဒီဇင်ဘာတွင် နောက်ဆုံးတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်းလည်း သတင်းဌာနများ ကဖော်ပြပြောဆိုထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *