“ဆီးရီးယား သမ္မတ နှင့် ဆီးရီးယားနိုင်ငံ၏ကိုယ်စားလှယ်တော် အဖွဲ့ဝင်များ သည် တရုတ် – ဆီးရီးယား နှစ်နိုင်ငံ ချစ်ကြည်ရေး ခရီးစဥ်အဖြစ် ယနေ့ တရုတ်နိုင်ငံသို့ ရောက်ရှိလာခဲ့”

စက်တင်ဘာ ၂၁

ဆီးရီးယား နိုင်ငံ သမ္မတ အယ်လ်အာဆတ်နှင့် ၎င်း၏ဇနီးဖြစ်သူ မစ္စစ် အာစမာ တို့ တင်ဆောင်လာသည့် ဆီးရီးယား သမ္မတလေယာဉ် ယနေ့ စက်တင်ဘာ ၂၁ရက်နေ့တွင် တရုတ်နိုင်ငံ Hangzhou လေဆိပ် သို့ ဆင်းသက်လာခဲ့ပြီ ဖြစ်ပါတယ်။

တရုတ်နိုင်ငံသို့ အလည်အပတ်ခရီးစဥ် အဖြစ် ရောက်ရှိလာသည့် ဆီးရီးယား သမ္မတ အာဆတ်၏ ခရီးစဉ်သည် လာမည့် လတွင် စတင်မည့် “Belt and Road ညီလာခံ” ကို လက်ခံကျင်းပရန် ပြင်ဆင် နေချိန်လည်း ဖြစ်ပြီး ဆီးရီးယားနိုင်ငံ သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် Belt and Road Initiative အဖွဲ့အစည်းကြီး တွင် ပါဝင်လာခဲ့ တာလည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံ သို့ချစ်ကြည်ရေးခရီးစဥ် အဖြစ် ရောက်ရှိလာသည့် ဆီးရီးယား နိုင်ငံ၏ သမ္မတ အယ်အာဆတ် သည် တရုတ် နိုင်ငံ သမ္မတ Xi Jinping နှင့်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်သွားကြမှာဖြစ်ပြီး အဆိုပါ ခရီးစဥ်တွင် လိုက်ပါလာကြသည့် တရားဝင် ကိုယ်စားလှယ် အဖွဲ့မှ အဖွဲ့ဝင်များမှာ ဆီးရီးယား နိုင်ငံခြားရေး ၀န်ကြီး Faisal al-Miqdad၊ ဆီးရီးယား စီးပွားရေးနှင့် နိုင်ငံခြား ကုန်သွယ်မှု ဝန်ကြီး Muhammad Samer al-Khalil၊ ဆီးရီးယားနိုင်ငံဆိုင်ရာ သမ္မတ ရေးရာ ဝန်ကြီး Mansour Azzam၊ ဆီးရီးယား သမ္မတ၏ အထူး အကြံပေး ဒေါက်တာ Buthaina Shaaban၊ ဆီးရီးယား နိုင်ငံခြားရေးနှင့် ပြည်ပနိုင်ငံများဆိုင်ရာ ၀န်ကြီး Ayman Soussan နှင့် ဆီးရီးယား သမ္မတ၏ အထူးအကြံပေးပုဂ္ဂိုလ် Luna al-Shibl၊ နိုင်ငံခြားရေး နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနရှိ သံတမန်အင်စတီကျု ဒါရိုက်တာ Imad Mustafa၊ ဆီးရီးယားနိုင်ငံ စီမံကိန်းနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အာဏာပိုင် လက်ထောက်အကြီးအကဲ Thuraya၊ Idlibi နှင့် တရုတ်နိုင်ငံဆိုင်ရာ ဆီးရီးယားသံအမတ် Muhammad Hassanein Khaddam တို့ လိုက်ပါလာခဲ့ကြတာ လည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *