ဂျာမနီလက်ရွေးစင်အသင်းကို တာဝန်ယူရန် နည်းပြ နာဂယ်စ်မန်း သဘောတူ

စက်တင်ဘာ ၂၁
နာဂယ်စ်မန်းက ဂျာမနီလက်ရွေးစင်အသင်း နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်ဖို့ သဘောတူလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ သူဟာ ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်မြူးနစ်နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက် အသင်းလက်မဲ့ ဖြစ်နေခဲ့ပါတယ်။
နာဂယ်စ်မန်းက ဂျာမနီအသင်းမှာ တစ်နှစ် လုပ်ခ ပေါင် ၁၇ သန်းလောက် ရရှိနိုင်ပြီး မကြာခင်ရက်ပိုင်းအတွင်းမှာ တရားဝင်စာချုပ် ချုပ်ဆိုသွားဖို့ရှိပါတယ်။
၂၀၂၄ ယူရိုပြိုင်ပွဲကို ဂျာမနီနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပချိန်အထိ နည်းပြအဖြစ် တာဝန်ယူဖို့ နာဂယ်စ်မန်းနဲ့ ဂျာမနီဘောလုံးအဖွဲ့ချုပ်တို့ကြား သဘောတူညီမှုရရှိထားတယ်လို့ သိရပါတယ်။