စက်တင်ဘာ ၂၀
ဂျပန်နိုင်ငံ အစိုးရအနေဖြင့် စစ်အင်အားကို လျင် မြန်စွာ တိုးမြှင့်လာမှုသည် တရုတ်(တိုင်ပေ) အနီးရှိ အိုကီနာဝါကျွန်းစုမှ ဒေသခံများကို စိုးရိမ်ထိတ်လန့်စေခဲ့ကြောင်း အဆိုပါကျွန်းစု အုပ်ချုပ်ရေးအဖွဲ့က ပြော သည်။ အိုကီနာဝါ ကျွန်းစုနှင့် ဗဟိုအစိုးရတို့ကြား ဆက်ဆံရေးသည် မသင့်မမြတ်ဖြစ်နေသည်မှာ ကြာ မြင့်နေပြီဖြစ်ပြီး ယခု ကဲ့သို့သော အခြေအနေများကြောင့် ထိုဆက်ဆံရေးကို ပိုမိုဆိုးရွားလာစေသည်။
ဂျပန်အစိုးရသည် နိုင်ငံ၏ စစ်အင်အားကို တိုးမြှင့်နိုင်ရေးအတွက် ငါးနှစ်စာ ကာကွယ်ရေးအသုံး စရိတ်ကို နှစ်ဆ တိုးမြှင့်ကြောင်း ကြေညာပြီးနောက် ယခုကဲ့သို့ စိုးရိမ်မှုများမြင့်တက်လာခြင်း ဖြစ်သည်။ ထို့ပြင် အဆိုပါ စစ်အင်အားတိုးမြှင့်မှုအများစုကိုလည်း အမေရိကန်စစ်စခန်းတည်ရှိရာ အိုကီနာဝါကျွန်းစုတွင်သာ လုပ်ဆောင်မည် ဖြစ်သည့် အတွက် ဒေသခံများက ပိုမိုစိုးရိမ်လာခြင်းဖြစ်သည်။
ဗဟိုအစိုးရအနေဖြင့် ဒေသခံများကို ရှင်းပြခြင်းမရှိ၊ ဒေသခံများ၏နားလည်မှုကို ရယူခြင်းမရှိဘဲ ထိုအစီအစဉ်ကို အတင်းအကျပ် အကောင် အထည်ဖော်နေခြင်းဖြစ်ကြောင်း အိုကီနာဝါကျွန်း အုပ်ချုပ်ရေးမှူး ဒန်နီတာမာကီ က စက်တင်ဘာ လ ၂၀ ရက်တွင် ပြောကြားခဲ့ကြောင်း CNA သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
#PAN