အရာတော်မြို့နယ်တွင်တပ်မတော်စစ်ကြောင်းကို မိုင်းဆွဲရန် ချောင်းမြောင်းနေသောအကြမ်းဖက်PDFများ တပ်မတော်စစ်ကြောင်း၏ ရှင်းလင်းခြင်းခံရ

စက်တင်ဘာ ၂၀

ယနေ့ နံနက်ပိုင်းအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး ၊ အရာတော်မြိုနယ် ၊ကုန်းသာ ကျေးရွာအနီးတွင် တပ်မတော်စစ်ကြောင်းကို မိုင်းဆွဲရန် ချောင်းမြောင်းနေသော လူသတ်အကြမ်းဖက် PDFများပုန်းခိုနေရာကိူ နယ်မြေရှင်းလင်းရေးတပ်မတော်စစ်ကြောင်းအဖွဲ့ ကြိုတင်ရယူကာ သွားရောက်ရှင်းလင်းခဲ့ကြောင်းသိရပါသည်။

အကြမ်းဖက်သမားများ ပုန်းခိုနေရာသို့ တပ်မတော်စစ်ကြောင်းအဖွဲ့က လျှပ်တပြက် နှိမ်နင်းရေးအသွင်ပြင်ဖြင့်ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သမားများတွေ့ရှိရ၍ ပစ်ခတ်ချေမှုန်းရှင်းလင်းရာ
အကြမ်းဖက် PDF ၃ လောင်း၊ သေနတ် ၃ လက် ၊ ကျည်အိမ် ၂ ခု တို့ သိမ်းဆည်းရရှိခဲ့ကြောင်း မြေပြင်သတင်းအရ သိရှိရပါသည်။