“အမေရိကန်နိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီးဌာနက ၎င်းတို့နိုင်ငံ၏​ နိုင်ငံတော်ကြွေးမြီများသည် ယခုနှစ်ကုန်ပိုင်းအတွင်း ၃၃ထရိီလီယံထိ ရောက်ရှိ နေပြီ ဖြစ်ကြောင်း သတိပေး ထုတ်ပြန် ပြောကြားခဲ့”

စက်တင်ဘာ ၂၀

အမေရိကန်နိုင်ငံ၏ နိုင်ငံတော်ကြွေးမြီများသည် ယခုနှစ်ကုန်ပိုင်း အတွင်း အမြင့်ဆုံးစံချိန် ဖြစ်သည့် ကန် ဒေါ်လာ ၃၃ ထရီလီယံထိ ရောက်ရှိခဲ့ရ ပြီဖြစ်ကြောင်း သတင်းဌာနများ ကဖော် ပြပြောဆိုထားကြပါတယ်။

အမေရိကန်နိုင်ငံအစိုးရက ၎င်းတို့နိုင်ငံအတွင်း အုပ်ချုပ်ရေး ယန္တရားများကို လည်ပတ် နိုင်စေရန် နှင့် နိုင်ငံ၏ အသုံး စရိတ်များ ကာမိစေရန် အမေရိကန် ပြည်ထောင်စုအစိုးရမှ ချေးယူထားသော ငွေပမာဏနှင့် အကြွေးများ သည် ပြီးခဲ့သည့် စက်တင်ဘာ ၁၈ရက် တနင်္လာနေ့က ကန်ဒေါ်လာ ၃၃.၀၄ ထရီလီယံ အထိရောက် ရှိခဲ့ရကြောင်း အမေရိကန် နိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီး ဌာနမှ တရားဝင်ထုတ် ပြန် ကြေညာ ခဲ့တာဖြစ်ပါတယ်။

ထို့နောက် အမေရိကန်နိုင်ငံ၏ ဘဏ္ဍာရေးနှစ် ၂၀၁၉ နှင့် ၂၀၂၁ ခုနှစ်ဘဏ္ဍာရေးနှစ်များ အကြားတွင် အမေရိကန် ပြည်ထောင်စု အစိုးရ၏ အသုံးစရိတ်များသည် ၅၀ရာခိုင်နှုန်းထိ တိုးလာခြင်းကြောင့် ကြွေးမြီ ကန်ဒေါ်လာ ၃၃ ထရီလီယံအထိ ရှိလာ ခဲ့ရတာဖြစ်ကြောင်း လည်း အဆိုပါဌာနမှ ထုတ်ပြန် ပြောကြားခဲ့ပါတယ်လို့ သတင်းဌာ နများက ဖော်ပြ ပြောဆိုထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *