ရေး-ထားဝယ်ကားလမ်းတွင် ခရီးသည်ယာဉ်တစ်စီးကို အကြမ်းဖက်PDFအဖွဲ့က ပစ်ခတ်သ​​ဖြင့် အမျိုးသားတစ်ဦး ဒဏ်ရာရ


စက်တင်ဘာ ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ရာဖူးကျေးရွာအုပ်စု၊ သာယာမွန်ကျေးရွာနှင့် မိုင်(၆၀) ကျေးရွာကြား၊ ရေး-ထားဝယ်ကားလမ်းပေါ်၌ ယမန်နေ့ ည ၈နာရီခွဲအချိန်ခန့်တွင် ရေးမြို့ဘက်မှ ထားဝယ်မြို့ဘက်သို့ ထွက်ခွာလာသော ခရီးသည် ၄ဦး လိုက်ပါလာသော Probox အဖြူရောင်တက္ကစီအငှားယာဉ်အား အကြမ်း ဖက် PDF အင်အား(၃၀)ဦးခန့်က လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါအကြမ်းဖက်သမား PDF များ၏ မဆင်မခြင်ပစ်ခတ်မှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည် အမျိုးသား ၁ ဦး ဝဲဘက်ပေါင်ကျည်ဖောက်ထွက် ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်းသိရှိရပြီး တာဝန် ရှိသူများက နီးစပ်ရာဆေးရုံတွင် လိုအပ်သည့်ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး၊ နယ်မြေခံစစ် ကြောင်းများက အကြမ်းဖက်သမားများခိုအောင်းရာနေရာများသို့ နယ်မြေရှင်းလင်းရေးလုပ်ငန်း များ ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။

#PAN