မရမ်းချောင်းစစ်ဆေးရေးဂိတ်ရှောင်ကွင်းလမ်း တွင် နယ်မြေခံလုံခြုံရေးပူးပေါင်းအဖွဲ့က မော် တော်ယာဥ် တစ်စီးကို စစ်ဆေးရာမှ ဒီတိုနေတာ ၃၀,၀၀၀ ချောင်းကို ဖမ်းဆီးရမိ

စက်တင်ဘာ ၂၀

       ယမန်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် မွန်ပြည်နယ်၊ စစ်တောင်းတံတား၊ မုပ္ပလင်ကျေးရွာဘက်မှ ကျိုက်ထို ဘက်သို့ မောင်းနှင်လာသော ယာဉ်အမှတ် 6G-3836 Toyota Dyna အမျိုးအစား အဖြူရောင် ယာဉ်သည် မရမ်းချောင်းစစ်ဆေးရေးဂိတ်ရှောင်ကွင်းလမ်း၊ စွပ္ပနူး ကျေးရွာအရောက်၌ နယ်မြေခံလုံခြုံရေးပူးပေါင်းအဖွဲ့က တားဆီး၍ စစ်ဆေးခဲ့ရာ ယာဉ်မောင်းမှာထွက်ပြေး တိမ်းရှောင်သွားခဲ့ပြီး ယာဉ်ပေါ်၌ အဖြူရောင်ဆာလာအိတ်အတွင်းမှ ဒီတိုနေတာ ၃၀,၀၀၀ ချောင်းကို ဖမ်းဆီးရမိခဲ့ကြောင်း သိရပါ သည်။

       အဆိုပါ အဖြူရောင်ဆာလာအိတ်အတွင်းမှအကြည်ရောင်ပလတ်စတစ်ဖြင့် ထုတ်ပိုးလျက် (၁၂ ပေခန့်ရှိ) ဒီတိုနေတာ အချောင်း ၁၀၀ ချောင်းစီပါ အထုပ်သေး ၂၀ ထုပ်၊ တစ်အိတ်လျှင် ဒီတိုနေတာ ၂၀၀၀ ချောင်း ၁၅ အိတ်၊ စုစုပေါင်း ဒီတိုနေတာ ၃၀,၀၀၀ ချောင်း၊ ကာလတန်ဖိုး သိန်း ၃၀၀,၀၀၀,၀၀၀ ကျပ်ခန့်နှင့် အတူ လမ်းပြ ဖြစ်သူ ဦးဖားပီနာ(ခ) ဦးစောသိန်းလှ၊၅၅နှစ်၊ (ဘ)ဦးလာဟဲ၊ ၇/ဝမန(နိုင်) ၁၄၇၇၀၃၊ ကရင်/ ဗုဒ္ဓ၊ လမ်းပြ၊ တနော်ကျွန်းကျေးရွာ၊ဝေါမြို့နယ်၊နေသူနှင့် ယာဉ်နောက်လိုက်ဖြစ်သူ အငယ်လေး၊၂၅ နှစ်၊ (ဘ)ဦးဖြူဝင်း၊ မပတ(မရှိ) ယာဉ်နောက် လိုက်၊ ဆပ်သွားခြုံ ကျေးရွာ၊ ဝေါမြို့နယ်နေသူတို့ကို ဖမ်းဆီးရမိခဲ့သည်။

       သက်သေခံပစ္စည်းများနှင့်အတူ တရားခံနှစ်ဦးကို စစ်ကြောလျှက်ရှိပြီး တရားဥပဒေနှင့်အညီ အမှုဖွင့်အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း သတင်းရရှိပါသည်။

#PAN