“ယူကရိန်းနိုင်ငံဝန်ကြီးချုပ် က ၎င်းတို့နိုင်ငံ အနေဖြင့် လာမည့် ၂၀၂၄ခုနှစ်တွင် ကန်ဒေါ်လာ ၄၂ ဘီလီယံကျော် ပမာဏ ငွေကြေး ထောက်ပံ့ မှုများ လိုအပ်မည်ဖြစ်ကြောင်း အနောက် နိုင်ငံများအား အသိပေး ပြောကြားခဲ့”

စက်တင်ဘာ ၂၀

ယူကရိန်း ဝန်ကြီးချုပ် Denys Shmyhal က ယူကရိန်းနိုင်ငံသည် လာမည့် ၂၀၂၄ခုနှစ်တွင် ၎င်းတို့နိုင်ငံ၏ မိတ်ဖက်များနိုင်ငံများထံမှ ငွေကြေးထောက်ပံ့မှု ပမာဏ ပေါင်း အမေရိကန်ဒေါ်လာ ၄၂ ဘီလီယံကျော်ထိ လိုအပ်ကြောင်း ပြီးခဲ့သည့် စက်တင်ဘာ ၁၉ရက်နေ့က ထုတ်ပြန်ကြေညာ ခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းသတင်းအေဂျင်စီများ၏ ဖော်ပြချက်အရ “ဒီနှစ်လိုပဲ၊ နောက်လာမည့် နှစ်မှာ မိတ်ဖက်နိုင်ငံတွေဆီကနေ အမေရိကန် ဒေါ်လာ ၄၂ ဘီလီယံလောက်ရှိတဲ့ ငွေကြေး ပံ့ပိုးမှုတွေ လိုအပ်ပါတယ်။ ဒီရန်ပုံငွေတွေကို ဘယ်က ရနိုင်မယ်ဆိုတာ နားလည် ထားပြီးသားပါ။ ဒါက EUအဖွဲ့အစည်း နှင့် ယူကရိန်းတို့ရဲ့ အစီအစဉ်ပါ။ အမေရိကန်ရဲ့ အကူအညီဖြစ်သည့် IMF မှ ပရိုဂရမ် နှင့် တခြား မိတ်ဆွေတွေနဲ့ မိတ်ဖက်တွေရဲ့ အကူအညီတွေ ဖြစ်ပါတယ်”လို့ ၎င်းက ဆိုထားပါတယ်။

အထူးသဖြင့်လာမည့် ၂၀၂၄ ခုနှစ်တွင် ယူကရိန်းသည် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ထံမှ ဒေါ်လာ ၅.၄ ဘီလီယံအထိ ရရှိနိုင်လိမ့်မည်လို့ မျှော်မှန်းထားကြောင်းလည်း ယူကရိန်း သတင်းအေဂျင်စီများက ဖော်ပြပြော ဆိုထားကြပါသေးတယ်။

ထို့အပြင် ယူကရိန်းနိုင်ငံသည် နော်ဝေးနိုင်ငံ၊ ဂျပန်နိုင်ငံ တို့နှင့် ရေရှည်ပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ်များလည်းရှိပြီး ကနေဒါနိုင်ငံ နှင့် အခြားမိတ်ဖက် အဖွဲ့အစည်း များနှင့်လည်း ပူပေါင်းဆောင်ရွက်မှုများပြု လုပ်ဆောင်လျက်ရှိနေကြောင်း သတင်းဌာနများ ကဖော်ပြပြောဆိုထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *