မုဒုံမြို့နယ်၊ ကမာဝက်မြို့၊ကော့ပိထော်ကျေးရွာတွင် သတင်းအရ စောင့်ဆိုင်းဖမ်းဆီးရာ စိတ်ကြွမူးယစ်ဆေးဝါးများဖမ်းဆီးရမိ

စက်တင်ဘာ ၂၀

       မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့၊ ကော့ပိထော်ကျေးရွာတွင် ယမန်နေ့ ည ၇ နာရီခွဲအချိန်ခန့်တွင် တာဝန်သိပြည်များ၏ သတင်းပေးချက်အရ နယ်မြေခံရဲတပ်ဖွဲ့က စောင့်ဆိုင်းဖမ်းဆီးရာ (wy) နှင့်(R)စာတန်းပါ စိတ်ကြွမူးယစ်ဆေး ဝါးများဖမ်းဆီးရမိကြောင်း သိရသည်။

      ဖြစ်စဥ်မှာ ကမာဝက်နယ်မြေရဲစခန်းမှ နယ်ထိန်းရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူကော့ပိထော်ကျေးရွာအတွင်း မူးယစ်ဆေးဝါးများလိုက်လံရောင်းချနေကြောင်း ကြိုတင်သတင်းပေးချက်အရ ကော့်ပိထော်ကျေးရွာ၏ အရှေ့ဘက် ရွာအဝင်လမ်းတွင် ကြိုတင်စောင့်ဆိုင်းနေစဥ် ရွာချင်းဆက်လမ်းအတိုင်း ဒိုးမားကျေးရွာမှ ကော့ပိထော်ရွာဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသော ဒေါ်ဝင်း၊၅၆နှစ်၊(ဘ) ဦးလင်း၊ ကော့ပိထော်ကျေးရွာနေသူကို ရပ်တန့်စစ် ဆေးရာ ၄င်းဝတ် ဆင်ထားသော ထဘီခါးပုံစအတွင်း ကြွပ်ကြွပ်အိတ်အမည်းဖြင့် ထုပ်ထားသောအိတ်အတွင်းမှ  WY. စာတန်းပါပန်းရောင်စိတ်ကြွဆေးပြား ၇၉၈ ပြား၊ (R)စာတန်းပါပန်းရောင်စိတ်ကြွဆေး ၇၉ ပြား၊ (R)စာတန်းပါ အစိမ်းရောင်စိတ်ကြွဆေး ၁၀ ပြား၊ စုစုပေါင်း ၈၈၇ ပြား၊ အလေးချိန် ၈၈.၇ ဂရမ်ခန့်၊ ကာလတန်းဘိုး ၂,၆၆၁,၀၀၀ ကျပ်ခန့်သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

            ဆက်လက်၍ မူးယစ်ဆေးဝါးအားသုံးစွဲဖြန့်ဖြူးရောင်းချရန် လက်ဝယ်ထားရှိသူ ဒေါ်ဝင်း ဆိုသူကို ရဲလုပ်ငန်း၊လုပ်ထုံးနှင့်အညီ အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN