မတ္တရာမြို့နယ်၊နံ့သာမြိုင်ကျေးရွာနေ ရာအိမ်မှုးအား အကြမ်းဖက် PDF များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်


စက်တင်ဘာ ၂၀

 ယမန်နေ့ နံနက် ၈ နာရီ ၃၀ မိနစ် အချိန်ခန့်တွင် မတ္တရာမြို့နယ်၊ရေနံ့သာကျေးရွာအုပ်စု၊ဥက္ကံကျေးရွာရှိ ပြန်လည်သန်စွမ်းရေးဆေးရုံ၊ကုတင် ၇၀၀ဆံ့ ဆေးရုံသို့သွားသည့်လမ်းဘေးတွင် အမျိုးသားတစ်ဉီး ဒဏ်ရာများဖြင့်လဲကျ သေဆုံးနေကြောင်းသတင်းအရ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများမှ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ ဉီးဝင်းကျော်ကျော်၊၄၄နှစ်၊(ဘ)ဉီးချစ်တင်၊ရာအိမ်မှုး၊နံ့သာမြိုင်ကျေးရွာ၊ရေနံ့သာကျေးရွာအုပ်စု နေသူမှာ ဝဲ-လည်ပင်းမှ ကျည်ဖောက်ဝင်ပြီး ယာ-လည်ပင်းသို့ ကျည်ဖောက်ထွက်ဒဏ်ရာ ၁ချက်ဖြင့် လဲကျသေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရပြီး အခင်းဖြစ်နေရာအနီးမှ AP 13 9MM LUGER ကျည်ခွံ ၁ခု တွေ့ရှိခဲ့ကြောင်း သိရသည်။
          ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းခဲ့ရာ သေဆုံးသူ ဉီးဝင်းကျော်ကျော်သည် မန္တလေး-မိုးကုတ် ကားလမ်းမဘေးရှိ ဈေးဆိုင်မှဈေးဝယ်ပြီး နံ့သာမြိုင်ကျေးရွာသို့ ဆိုင်ကယ်ဖြင့် တစ်ဉီးတည်းမောင်းနှင်ပြန်လာစဉ် ကုတင် ၇၀၀ဆံ့ ဆေးရုံဝင်းအတွင်းရှိ လူမနေသည့် ဝန်ထမ်းလိုင်းနားအရောက်တွင် အကြမ်းဖက်သမား ၄ဉီးက လက်နက်ငယ်(စီစစ်ဆဲ)ဖြင့် ၁ချက် ပစ်ခတ်သတ်ဖြတ်ကာ မန္တလေး-မိုးကုတ် လမ်းဘက်သို့ ဆိုင်ကယ် ၂စီးဖြင့် မောင်းနှင်ထွက်ပြေးသွားကြောင်း သတင်းရရှိပါသည်။