ဒလမြို့နယ်တွင် တွံတေးတူးမြောင်းဘေးတွင် ကမ်းပါးပြိုပြီး လူနေအိမ် ၆ လုံး တူး မြောင်းအတွင်း ရေမျောပါသွား အမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦး ဒဏ်ရာရ

စက်တင်ဘာ ၂၀

      ယနေ့ ညနေ ၅ နာရီ ၂၀ အိနစ်အချိန်ခန့်တွင် ရန် ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ ဆာပါချောင် ကျောင်းစုရပ်ကွက်၊ တွံတေးတူးမြောင်းဘေးတွင် ကမ်းပါးပြိုပြီး လူနေအိမ် ၆ လုံး တူး မြောင်းအတွင်း ရေမျောပါသွားကြောင်း သတင်း ရရှိသဖြင့် ဒလမြို့ နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် ၁ စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် သွား ရောက်ကူညီဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

         အဆိုပါဖြစ်စဉ်ကြောင့် နေအိမ်နှင့်အတူ အမျိုး သမီး ၂ ဦးမျောပါသွားသဖြင့် ရှာဖွေကယ် ဆယ်ခဲ့ရာ ပြန်လည်ဆယ်ယူရရှိခဲ့ပြီး အမျိုးသမီး ၁ ဦးမှာ စိုးရိမ်ရထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါ ဒဏ်ရာရလူနာကို ဒလမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် သေ ဆုံးခဲ့ကြောင်း၊ အမျိုး သမီး ၁ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် မျောပါသွားသည့် နေအိမ်များနှင့် အနီးနားဝန်းကျင်ရှိ နေအိမ် ၈၀ လုံးခန့်မှ အိမ် ထောင်စုဝင်များကို ရေဘေးလွတ်ရာ ဒလမြို့နယ်တာကြီးရပ်ကွက်၊ ဘုန်းတော်ကြီးကျောင်းနှင့် ကျန်စစ်သားရပ်ကွက် အောင်တော်မူဘုန်းတော်ကြီးကျောင်းသို့ ကူညီရွေ့ပြောင်းပေးခဲ့ကြောင်း သတင်း ရရှိပါသည်။

#PAN