တောင်သာမြို့နယ်၊ရုံးစည်လေးကျေးရွာအနီး ပြောင်းခင်းထဲတွင် သာမန်ပြည်သူတစ်ဦးအား ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူဟုဆိုကာ အကြမ်းဖက် PDF များမှသေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်


စက်တင်ဘာ ၂၀

      ယနေ့  မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ် အချိန်ခန့်တွင် တောင်သာမြို့နယ်၊ရုံးစည်လေးကျေးရွာ၊ဉီးရွှေဇရပ် အနောက်ဘက်၊ယာခင်းအစပ်တွင် အမျိုးသမီးတစ်ဉီး၏အလောင်းတွေ့ရှိကြောင်းသတင်းအရ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများမှ အခင်းဖြစ်နေရာသို့သွားရောက်စစ်ဆေးခဲ့ရာ ဉီးရွှေဇရပ် အနောက်ဘက် ကိုက် ၁၀၀ခန့်အကွာ ပြောင်းခင်းထဲတွင် ဒေါ်ကုလားမ(ကိုယ်ရေးစီစစ်ဆဲ)မှာ နောက်ကျော ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ယာ-နားရွက်အောက် ဖောက်ဝင်ဒဏ်ရာ ၁ချက်တို့ဖြင့် မှောက်လျက်သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်းသိရသည်။
          ဖြစ်စဉ်အား စုံစမ်းမေးမြန်းရာ ရန်ကုန်မြို့တွင် အလုပ်လုပ်ကိုင်ရန် သွားရောက်နေထိုင်သော သေဆုံးသူ ဒေါ်ကုလားမ၏သမီးဖြစ်သူ မယဉ်ယဉ်ထံသို့ အောင်ရဲလင်း(အကြမ်းဖက် PDF အဖွဲ့)မှ ဒေါ်ကုလားမအား မသတ်ဖြတ်မီ ၄င်း၏ဖုန်းဖြင့် မိခင်ဖြစ်သူအား ပြည်ခိုင်ဖြိုးပါတီ ထောက်ခံသူအဖြစ် သတ်မှတ်ပြီး သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဖုန်းဆက်ပြောကြားကာ ဒေါ်ကုလားမ၏ဖုန်းအား ယူဆောင်သွားကြောင်း မယဉ်ယဉ်၏ ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။