မှတ်ပုံတင်အတု ကိုင်ဆောင်လာတဲ့ ဘင်္ဂါလီတစ်ဦးနဲ့ ပွဲစားတစ်ဦးတို့ကို သံတွဲမြို့နယ် ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိ

****************

PAN စက်တင်ဘာ ၁၉

ရခိုင်ပြည်နယ်။ သံတွဲမြို့နယ် ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ မှတ်ပုံတင်အတု ကိုင်ဆောင်ထားသူ ဘင်္ဂါလီအမျိုးသမီတစ်ဦးနဲ့ ပွဲစားတစ်ဦးတို့ကို ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။
စစ်တွေက ရန်ကုန်ကို မောင်းနှင်လာတဲ့ “တက်နေလင်း” ခရီးသည်တင်မော်တော်ယာဉ်မှာ သံတွဲမြို့နယ် အမှတ် (၆၈) ပူးပေါင်းစစ်ဆေးရးဂိတ်ကိုအရောက် ခရီးသည်တွေရဲ့ မှတ်ပုံတင်တွေကို စစ်ဆေးနေစဉ် အသက် ၄၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးခေါ်ဆောင်လာတဲ့ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးမှာ မှတ်ပုံတင်အတု ကိုင်ဆောင်ထားတာကို စစ်ဆေးတွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


ပွဲစားဖြစ်သူမှာ ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်၊ ဒေါင်းကြီးကျေးရွာက နွယ်နွယ်ဦး(ခ)ကလီမန်ဖြစ်ပြီး သူမဟာ ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့နယ်က ဘင်္ဂါလီလူမျိုး အမျိုးသမီးငယ်တစ်ဦးကို ပွဲစားလုပ်ကာ ခေါ်ဆောင်လာတာ ဖြစ်ပါတယ်။
လုံခြုံရေးအဖွဲ့ဝင်တွေ စစ်ဆေးစဉ် အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ် ကိုင်ဆောင်ထားတဲ့ မှတ်ပုံတင်မှာ မလှလှအောင်(၁၉)နှစ်၊ (ဘ)ဦးအောင်အောင်၊ မလက်တိုအုပ်စု၊ မအူပင်မြို့နယ်၊ ဧရာဝတီတိုင်းဖြစ်နေပေမယ့် သူမရဲ့ အမည်ရင်းမှာ ဂျနိုသာရာ ဖြစ်ပြီး အမှတ်(၇)ရပ်ကွက်၊ ဘူးသီးတောင်မြို့ကနေ လာခဲ့သူတစ်ဦးဖြစ်တယ်လို့ စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ မှတ်ပုံတင်အတုကိုင်ဆောင်သူနဲ့ ပွဲစားတို့နှစ်ကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်လျက်ရှိနေပြီး ဆက်စပ်တရားခံတွေ ဖမ်းဆီးရမိရေးကို စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

PAN

ဖမ်းဆီးရမိ

မှတ်ပုံတင်အတု

ဘင်္ဂါလီအမျိုးသမီး

ပွဲစားအမျိုးသမီး #ပူးပေါင်းစစ်ဆေးရေးဂိတ်

သံတွဲမြို့နယ်