တရုတ်-အာဆီယံ ကုန်စည်ပြပွဲမှာ မြန်မာ့ကုန်စည်များ ပါဝင်ပြသ

စက်တင်ဘာ ၁၉

       တရုတ်နိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့တွင် ကျင်းပနေသော အကြိမ်(၂၀)မြောက် တရုတ်-အာဆီယံကုန်စည် ပြပွဲ၌ မြန်မာနိုင်ငံမှ ပြခန်းပေါင်း ၈၀ ပါဝင်ပြသနေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သိရပါသည်။ အဆိုပါကုန်စည် ပြပွဲကို စက်တင်ဘာလ ၁၆ ရက်မှ ၁၉ ရက်အထိ ကျင်းပနေပြီး တရုတ်နှင့် အာဆီယံနိုင်ငံများက ပြခန်းပေါင်း ၂,၀၀၀ နီးပါး ပြသလျက် ရှိပါသည်။

        မြန်မာကုန်စည်ပြခန်းတွင် ဆန်၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ ရေထွက်ကုန်၊ ထောပတ်သီး၊ လက်မှုအနုပညာ ပစ္စည်းတွေ၊ အဝတ်အထည်၊ စားသောက်ကုန်၊ မြန်မာ့ကျောက်မျက်လက်ဝတ်ရတနာပစ္စည်းတွေကို ခင်းကျင်းပြသ ရောင်းချနေသည်ဟု ဆိုပါသည်။ မြန်မာ့ထုတ်ကုန်များကို စိတ်ဝင်တစားကြည့်ရှုလေ့လာသူများနှင့် အမှာစာ ပေးပို့ ဝယ်ယူသူ များပြားနေကြောင်း စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါသည်။

#PAN