“တရုတ်နှင့် ရုရှားတို့သည် နှစ်နိုင်ငံ မဟာဗျူဟာ မြောက် လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲများ ကျင်းပနိုင်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နှင့် ရုရှားလုံခြုံရေး ကောင်စီ အတွင်းရေးမှူး Nikolai Patrushev တို့ တွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြ”

စက်တင်ဘာ ၁၉

ရုရှားနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူး Nikolai Patrushev နှင့် တရုတ် နိုင်ငံခြားရေးဝန်ကြီး Wang Yi တို့သည် ရုရှား-တရုတ် နှစ်နိုင်ငံ မဟာဗျူဟာမြောက် လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲများကို မော်စကိုမြို့၌ ယနေ့ အင်္ဂါနေ့ တွင် ပြုလုပ် ကျင်းပသွား မည်ဖြစ်ပါတယ်။

ဘေဂျင်း(တရုတ်) နှင့် မော်စကို(ရုရှား) တို့သည် ရုရှားနိုင်ငံအတွင်းတွင် ပြီးခဲ့သည့် စက်တင်ဘာ ၁၈ရက် တနင်္လာနေ့မှ စတင်ကာ ၄ရက်ကြာ နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် လုံခြုံရေး ညှိနှိုင်းဆွေး နွေးပွဲကို ကျင်းပမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

တရုတ် နိုင်ငံခြားရေးဝန်ကြီး Wang Yi က တရုတ်နိုင်ငံ ကို ကိုယ်စားပြုမည်ဖြစ်ပြီး ရုရှားဘက်မှ ရုရှားနိုင်ငံ လုံခြုံရေးကောင်စီ အတွင်းရေးမှူး Nikolai Patrushev က ရုရှား နိုင်ငံတော်ကို ကိုယ်စားပြုမည် လည်းဖြစ်ပါတယ်။

အဆိုပါ နှစ်နိုင်ငံ လုံခြုံရေး ညှိနှိုင်း ဆွေးနွေးပွဲကြီး ကို လာမည့် ကြာသပတေး နေ့တွင် အပြီးသတ် မည်လည်းဖြစ်ပါတယ်။

ထို့နောက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်၏ ရုရှားနိုင်ငံ ခရီးစဉ်တွင် အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး Jake Sullivan နှင့် နှစ်ရက်ကြာ တွေ့ဆုံခဲ့ပြီးနောက် တစ်ရက် အကြာတွင် ရုရှား-ယူကရိန်း စစ်ပွဲကို များကို ဆွေးနွေးမှုများပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်လို့ သတင်းဌာနများကဖော်ပြပြောဆိုထားပါတယ်။