စက်တင်ဘာ ၁၈
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ကန်းညီနောင်တိုက်နယ်အနီး ချောင်းအတွင်း အမျိုး သားတစ်ဦးသေဆုံးနေသည့် အလောင်းကို ဆာ လာအိတ်အတွင်းမှ တွေ့ရှိရကြောင်း သိရပါသည်။
သေဆုံးသူမှာ အောင်ချမ်းလင်း၊ ၂၉ နှစ်၊ ဆိုင်ကယ်တက္ကစီမောင်း၊ ရွှေဝါထွန်းလမ်း၊အမှတ် (၅)ရပ်ကွက်၊ မြဝတီမြို့နေသူဖြစ်ပြီး မြဝတီမြို့မှ သင်္ကန်းညီနောင်သို့ ခရီးသည်ပို့ဆောင်ပြီးအပြန်တွင် အကြမ်းဖက်သောင်းကျန်းသူ KNUနှင့် PDF
အဖွဲ့က ဖမ်းဆီးကာသတ်ဖြတ်ကာ ဆာလာအိတ်အတွင်းထည့်၍ သင်္ကန်းညီနောင်တိုက်နယ်အနီး ချောင်းရေအတွင်း မျှောခဲ့ကြောင်း သိရပါသည်။
ဆိုင်ကယ်တက္ကစီများထံမှ လိုင်းကြေးသဘောမျိုး အကြမ်း ဖက်သောင်းကျန်းသူ KNU / PDF အဖွဲ့က ကောက်ခံနေမှုကို သေဆုံးသူ အောင်ချမ်းလင်း က မကျေနပ်ကြောင်းပြောကြားခဲ့သည့်အတွက် ယခုလို သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရှိပါသည်။
#PAN