လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ အမှတ်(၁၈) ရပ်ကွက်၊၈၆ ဂိတ်ဟောင်းမှတ် တိုင်တွင် သမာဓိယာဥ်လိုင်း ခရီးသည်တင်ယာဥ် တစ်စီး အရှိန်လွန်ကာ လမ်းဘေးဓါတ်တိုင်ကို ၀င်တိုက် ၃ ဦးသေ ဆုံး၊ ၅ ဦး ဒဏ်ရာရ

စက်တင်ဘာ ၁၈

       ယနေ့ ညနေ ၅ နာရီခွဲအချိန်ခန့်တွင် ရန်ကုန် တိုင်းဒေသကြီး၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ အမှတ်(၁၈)ရပ်ကွက်၊ အနော်ရထာလမ်းနှင့် ဆရာစံလမ်းထောင့် ၊ ၈၆ ဂိတ်ဟောင်းမှတ် တိုင်တွင် တောင်မှ မြောက်သို့မောင်းနှင်လာသောရန်ကုန် – ဖျာပုံပြေးဆွဲသည့် YGN-12  9B/2917 express သမာဓိယာဥ်လိုင်း ခရီးသည်တင်ယာဥ်မှာ အရှိန်လွန်ကာ လမ်းဘေးဓါတ်တိုင်ကို ၀င်တိုက်မိခဲ့ကြောင်း သိရသည်။

       အဆိုပါ မော်တော်ယာဥ် လမ်းဘေးဓါတ်တိုင်ကို ၀င်တိုက်မှုကြောင့် အနီးရှိအမျိုးသားတစ်ဦးနှင့် အမျိုးသမီး ၂ ဦးသေဆုံးပြီး အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦး ဒဏ်ရာရရှိကြောင်း သိရပါသည်။

         ဒဏ်ရာရရှိသူများကို လူမှုကူညီရေးလူနာတင်ယာဥ်ဖြင့်လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ဆေးကုသမှုခံယူလျှက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN